ရုရှား-မြန်မာဆက်ဆံရေးမှာ အမြင့်သို့ တက်လှမ်းလျက်ရှိနေဟု ရုရှားသမ္မတ ပူတင်ဆို၊ ရုရှားမှာ ယုံကြည်အားထားရသော မိတ်ဖက်နိုင်ငံဟု တပ်ချုပ်ပြော
မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၁၈
ရုရှား-မြန်မာဆက်ဆံရေးသည် အမြင့်သို့ တက်လှမ်းလျက်ရှိနေကြောင်း ရုရှားနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်က အသိပေး ပြောဆိုထားသည်။
မြန်မာ-ရုရှားနိုင်ငံအကြား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး(၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အဖြစ် သမ္မတပူတင်က နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ သဝဏ်လွှာပါးရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။
ရုရှား-မြန်မာဆက်ဆံရေးသည် အမြင့်သို့ တက်လှမ်းလျက်ရှိနေပြီး နိုင်ငံရေးအရ ထိတွေ့ဆက်ဆံမှုများနှင့် ကုန်သွယ်ရေး၊ စီးပွားရေး၊ တပ်မတော်ပိုင်း၊ နည်းပညာ၊ လူသားချင်းစာနာထောက်ထားမှုနှင့် အခြားနယ် ပယ်များတွင် အပြန်အလှန်အကျိုးဖြစ်ထွန်းစေသည့် ပူးပေါင်းဆောင်ရွက်မှုများ၌ သိသာထင်ရှားစွာ တိုး တက်ရန် ဆောင်ရွက်နိုင်ခဲ့ကြောင်း ရုရှားသမ္မတက ဆိုသည်။
ထို့ပြင် နယ်ပယ်စုံ၌ အပြုသဘောဆောင်သော နှစ်နိုင်ငံထိတွေ့ဆက်ဆံမှုများကို ဆက်လက်တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်းနှင့် ၎င်းကဲ့သို့ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ပြီး အာရှ-ပစိဖိတ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်ရေးတို့အတွက် အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ကြောင်းလည်း ပူတင်၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။
အလားတူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း နှစ်နိုင်ငံသံတမန်ဆက်ဆံရေး(၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အဖြစ် ရုရှားသမ္မတပူတင်ထံသို့ ပြန်လည်သဝဏ်လွှာပါးထားသည်။
နိုင်ငံတကာအခင်းအကျင်းတွင် ပြောင်းလဲမှုများရှိသော်လည်း မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ ချစ်ကြည်ရင်းနှီးမှုနှင့် မိတ်ဖက်ဆောင်ရွက်မှုတို့သည် ဆက်လက်နွေးထွေးကာ နီးကပ်နေကြဆဲပင်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် ရုရှားနိုင်ငံကို အရေးကြီးပြီး ယုံကြည်အားထားရသော မိတ်ဖက်နိုင်ငံအဖြစ် အစဉ်မှတ်ယူထားကြောင်းနှင့် အထူးသဖြင့် နိုင်ငံတကာစာမျက်နှာ၌ မြန်မာနိုင်ငံ၏ ခက်ခဲသောကာလများတွင် အစဉ်ထောက်ခံပေးမှုအပေါ် ကျေးဇူးတင်ကြောင်းလည်း နစကဥက္ကဋ္ဌက ၎င်း၏သဝဏ်လွှာ၌ ထည့်သွင်းပြောဆိုထားသည်။
ယခု ၂ဝ၂၃ ခုနှစ်သည် နှစ်နိုင်ငံဆက်ဆံရေးသမိုင်းမှတ်တိုင်တစ်ရပ်ကို ပုံဖော်ရန် အချိန်တစ်ခုဖြစ်ပြီး နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ကာ အားသစ်လောင်းနိုင်မည့် အချိန်အခါတစ်ခုဖြစ်ကြောင်းလည်း တပ်ချုပ်က ထည့်သွင်းပြောဆိုထားသည်။
မကြာခင်ကာလအတွင်း ရုရှားနိုင်ငံရှိ စိန့်ပီတာစဘတ်မြို့နှင့် နိုဗိုစီဗစ်မြို့တို့တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ ဖွင့်လှစ်သွားရန်ရှိကြောင်း သိရသည်။
မြန်မာ-ရုရှား နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို ၁၉၄၈ ခုနှစ်တွင် စတင်ထူထောင်ခဲ့ကြောင်း သိရသည်။
zawgyi version
႐ုရွား-ျမန္မာဆက္ဆံေရးမွာ အျမင့္သို႔ တက္လွမ္းလ်က္ရွိေနဟု ႐ုရွားသမၼတ ပူတင္ဆို၊ ႐ုရွားမွာ ယုံၾကည္အားထားရေသာ မိတ္ဖက္ႏိုင္ငံဟု တပ္ခ်ဳပ္ေျပာ
မ်ိဳးႀကီး (NP News) - ေဖေဖာ္ဝါရီ ၁၈
႐ုရွား-ျမန္မာဆက္ဆံေရးသည္ အျမင့္သို႔ တက္လွမ္းလ်က္ရွိေနေၾကာင္း ႐ုရွားႏိုင္ငံသမၼတ မစၥတာဗလာဒီမာပူတင္က အသိေပး ေျပာဆိုထားသည္။
ျမန္မာ-႐ုရွားႏိုင္ငံအၾကား ႏွစ္ႏိုင္ငံသံတမန္ဆက္ဆံေရး(၇၅)ႏွစ္ေျမာက္ စိန္ရတုအထိမ္းအမွတ္အျဖစ္ သမၼတပူတင္က နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ထံ သဝဏ္လႊာပါးရာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုထားျခင္းျဖစ္သည္။
႐ုရွား-ျမန္မာဆက္ဆံေရးသည္ အျမင့္သို႔ တက္လွမ္းလ်က္ရွိေနၿပီး ႏိုင္ငံေရးအရ ထိေတြ႕ဆက္ဆံမႈမ်ားႏွင့္ ကုန္သြယ္ေရး၊ စီးပြားေရး၊ တပ္မေတာ္ပိုင္း၊ နည္းပညာ၊ လူသားခ်င္းစာနာေထာက္ထားမႈႏွင့္ အျခားနယ္ ပယ္မ်ားတြင္ အျပန္အလွန္အက်ိဳးျဖစ္ထြန္းေစသည့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား၌ သိသာထင္ရွားစြာ တိုး တက္ရန္ ေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္း ႐ုရွားသမၼတက ဆိုသည္။
ထို႔ျပင္ နယ္ပယ္စုံ၌ အျပဳသေဘာေဆာင္ေသာ ႏွစ္ႏိုင္ငံထိေတြ႕ဆက္ဆံမႈမ်ားကို ဆက္လက္တည္ေဆာက္ႏိုင္မည္ဟု ယုံၾကည္ေၾကာင္းႏွင့္ ၎ကဲ့သို႔ေဆာင္႐ြက္ျခင္းျဖင့္ ႏွစ္ႏိုင္ငံျပည္သူမ်ား၏ အက်ိဳးစီးပြားကို ေဖာ္ေဆာင္ႏိုင္ၿပီး အာရွ-ပစိဖိတ္ေဒသလုံၿခဳံေရးႏွင့္ တည္ၿငိမ္ေရးတို႔အတြက္ အေထာက္အကူျဖစ္ေစမည္ဟု ယုံၾကည္ေၾကာင္းလည္း ပူတင္၏ သဝဏ္လႊာတြင္ ေဖာ္ျပထားသည္။
အလားတူ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကလည္း ႏွစ္ႏိုင္ငံသံတမန္ဆက္ဆံေရး(၇၅)ႏွစ္ေျမာက္ စိန္ရတုအထိမ္းအမွတ္အျဖစ္ ႐ုရွားသမၼတပူတင္ထံသို႔ ျပန္လည္သဝဏ္လႊာပါးထားသည္။
ႏိုင္ငံတကာအခင္းအက်င္းတြင္ ေျပာင္းလဲမႈမ်ားရွိေသာ္လည္း ျမန္မာႏိုင္ငံႏွင့္ ႐ုရွားႏိုင္ငံတို႔၏ ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ မိတ္ဖက္ေဆာင္႐ြက္မႈတို႔သည္ ဆက္လက္ေႏြးေထြးကာ နီးကပ္ေနၾကဆဲပင္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္၏ သဝဏ္လႊာတြင္ ေဖာ္ျပထားသည္။
ျမန္မာႏိုင္ငံသည္ ႐ုရွားႏိုင္ငံကို အေရးႀကီးၿပီး ယုံၾကည္အားထားရေသာ မိတ္ဖက္ႏိုင္ငံအျဖစ္ အစဥ္မွတ္ယူထားေၾကာင္းႏွင့္ အထူးသျဖင့္ ႏိုင္ငံတကာစာမ်က္ႏွာ၌ ျမန္မာႏိုင္ငံ၏ ခက္ခဲေသာကာလမ်ားတြင္ အစဥ္ေထာက္ခံေပးမႈအေပၚ ေက်းဇူးတင္ေၾကာင္းလည္း နစကဥကၠ႒က ၎၏သဝဏ္လႊာ၌ ထည့္သြင္းေျပာဆိုထားသည္။
ယခု ၂ဝ၂၃ ခုႏွစ္သည္ ႏွစ္ႏိုင္ငံဆက္ဆံေရးသမိုင္းမွတ္တိုင္တစ္ရပ္ကို ပုံေဖာ္ရန္ အခ်ိန္တစ္ခုျဖစ္ၿပီး ႏွစ္ဖက္အက်ိဳးျဖစ္ထြန္းေစမည့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ျပန္လည္သုံးသပ္ကာ အားသစ္ေလာင္းႏိုင္မည့္ အခ်ိန္အခါတစ္ခုျဖစ္ေၾကာင္းလည္း တပ္ခ်ဳပ္က ထည့္သြင္းေျပာဆိုထားသည္။
မၾကာခင္ကာလအတြင္း ႐ုရွားႏိုင္ငံရွိ စိန႔္ပီတာစဘတ္ၿမိဳ႕ႏွင့္ ႏိုဗိုစီဗစ္ၿမိဳ႕တို႔တြင္ ျမန္မာေကာင္စစ္ဝန္ခ်ဳပ္႐ုံးမ်ား ဖြင့္လွစ္သြားရန္ရွိေၾကာင္း သိရသည္။
ျမန္မာ-႐ုရွား ႏွစ္ႏိုင္ငံသံတမန္ဆက္ဆံေရးကို ၁၉၄၈ ခုႏွစ္တြင္ စတင္ထူေထာင္ခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများသည် ရုရှားအတွက် ရေနံဈေးကွက်အသစ်ရရှိရန် အထောက်အကူဖြစ်စေခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ အစီရင်ခံ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ