လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူ(၁ဝ)ဦးသေဆုံးပြီးနောက် မိုးလေဝသ သတိပေးချက်များကို တရုတ်အစိုးရ တိုးမြှင့်ထုတ်ပြန်
Pika (NSS) - စက်တင်ဘာ ၂၁
တရုတ်နိုင်ငံအရှေ့ပိုင်း Jiangsu ပြည်နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အနည်းဆုံးလူ(၁ဝ)ဦး သေဆုံးခဲ့ပြီးနောက် တစ်ရက်အကြာတွင် တရုတ်မိုးလေဝသတာဝန်ရှိသူများသည် ဒေသအများအပြားတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်နိုင်ချေများနှင့်ပတ်သက်ပြီး သတိပေးချက်များကို တိုးမြှင့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
Jiangsu ပြည်နယ်တွင် လူအသေအပျောက်ရှိခဲ့သည့် လေဆင်နှာမောင်းတိုက်ခတ်ပြီးနောက် အာဏာပိုင်များသည် သတိထားနေကြရန် ပြည်သူများကို တိုက်တွန်းခဲ့ကြောင်း သိရသည်။ လေဆင်နှာမောင်းတိုက်ခတ်မှုသည် စက်တင်ဘာလ(၁၉)ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆိုရှယ်မီဒီယာများပေါ်တွင်တင်ထားသော ဓါတ်ပုံများတွင် ကားများ မှောက်နေခြင်း၊ ဓါတ်အားလိုင်းများ ပြတ်တောက်နေခြင်း နှင့် လမ်းမများပေါ်တွင် အပျက်အစီးများ ပြန့်ကျဲနေသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။
မျက်မြင်သက်သေတစ်ဦး က "ကျွန်တော် တံခါးဝမှာရပ်နေတဲ့အချိန်မှာ ဆိုလာပစ္စည်းတွေနဲ့ သစ်ပင်တွေ လေထဲမှာ လွင့်ပါနေတာကို မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော်တကယ်ကို အံ့ဩသွားခဲ့ပါတယ်" ဟု ပြောခဲ့သည်။ လေဆင် နှာမောင်းတိုက်ခတ်မှုသည် Jiangsu ပြည်နယ် Suqian မြို့ နှင့် Yancheng မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Suqian မြို့တွင် လေဆင်နှာမောင်းဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် အနည်းဆုံးလူ(၅)ဦးသေဆုံးခဲ့ကာ အခြားလူ (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ပေါင်း(၁၆၄၆)လုံး ထိခိုက်ပျက်စီးခဲ့သလို သီးနှံစိုက်ခင်းဧကများစွာ ပျက်စီးခဲ့ကြောင်းလည်း သိရသည်။
ထို့နောက် Yancheng မြို့တွင် လေဆင်နှာမောင်းထပ်မံတိုက်ခတ်ခဲ့ပြီး လူ(၅)ဦးသေဆုံးကာ အခြားလူ(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း CCTV သတင်းဌာနက ဖော်ပြခဲ့သည်။ အာဏာပိုင်များသည် Chongqing မြူနီစီပယ်၊ Guizhou ပြည်နယ်ရှိ ဒေသများ၊ ဟူနန်ပြည်နယ်၊ Anhui ပြည်နယ် နှင့် Hubei ပြည်နယ်တို့အတွက်လည်း မိုးလေဝသသတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခြောက်နှစ်ကြာပြီးနောက် ကစားခဲ့သော ချန်ပီယံလိဂ်အဖွင့်ပွဲကို အနိုင်ရရှိခဲ့ပြီးနောက် အသင်းကစားသမားတွေရဲ့ ခြေစွမ်းကို ချီးကျူးပြောဆိုလိုက်တဲ့ အာဆင်နယ်နည်းပြ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ