ခြောက်နှစ်ကြာပြီးနောက် ကစားခဲ့သော ချန်ပီယံလိဂ်အဖွင့်ပွဲကို အနိုင်ရရှိခဲ့ပြီးနောက် အသင်းကစားသမားတွေရဲ့ ခြေစွမ်းကို ချီးကျူးပြောဆိုလိုက်တဲ့ အာဆင်နယ်နည်းပြ
Pika (NSS) - စက်တင်ဘာ ၂၁
အာဆင်နယ်အသင်းသည် PSV အသင်းနှင့်ကစားခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်တွင် (၄)ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီးနောက် အာဆင်နယ်နည်းပြအာတီသည် အသင်းကစားသမားများ၏ ခြေစွမ်းများ နှင့် စွမ်းဆောင်ရည်များကို ချီုးကျူးပြောဆိုခဲ့ကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် ချန်ပီယံလိဂ်ကစားပွဲကို (၆)နှစ်အကြာမှ ပြန်လည်ကစားခွင့်ရခဲ့ပြီး ၎င်းတို့၏ ပွဲဦးထွက် ပွဲစဉ်ကို ယခုကဲ့သို့ ဂိုးဖြတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ PSV အသင်းနှင့် ကစားခဲ့သည့်ပွဲတွင် အာဆင်နယ်အသင်း တောင်ပံကစားသမားဆာကာသည် ပွဲချိန်(၈)မိနစ်တွင် အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး တိုက်စစ်မှူးလီဆန်ဒရိုထရိုးဆက် သည် ပွဲချိန်(၂ဝ)မိနစ်တွင် တစ်ဂိုးထပ်မံသွင်းယူခဲ့ခြင်းဖြစ်သည်။
ထို့နောက် အာဆင်နယ်တိုက်စစ်မှူး ဂျီဆပ်သည် ပွဲချိန်(၃၈) တတိယမြောက်ဂိုးကို ထပ်မံသွင်းယူပေးနိုင်ခဲ့ပြီး ကွင်းလယ်ကစားသမား အိုဒီဂါ့သည် ပွဲချိန်(၇ဝ)မိနစ်တွင် တစ်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပြီးနောက် (၄)ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
အာဆင်နယ်နည်းပြအာတီတာ က "ချန်ပီယံလိဂ်မှာ ဒီလိုပျော်ရွှင်စရာ ညမျိုးမရခဲ့တာ အချိန်အတော်ကြာပါပြီ။ ဒီပွဲနဲ့ပတ်သက်ပြီး ကျွန်တော်တကယ်ကို စိတ်လှုပ်ရှားခဲ့ပါတယ်။ ကျွန်တော်တို့ ရှိသင့်တဲ့နေရာမှာ ရှိနေခဲ့ပြီးတဲ့ နောက်မှာတော့ ချန်ပီယံလိဂ်ကို အကောင်းဆုံးပုံစံနဲ့ စတင်ခဲ့ပါပြီ။ ဒီအဆင့်မှာ ဆက်ရှိနေနိုင်ဖို့ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားသွားမှာပါ" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းသို့ cluster munitions များ မထောက်ပံ့ပေးရန် အမေရိကန်ကို ကုလသမဂ္ဂအထူးကိုယ်စားလှယ် တိုက်တွန်း
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း