ကနေဒါနဲ့ အိန္ဒိယကြား သံတမန်ရေးတင်းမာမှုတွေဖြစ်ခဲ့ပြီးနောက် ကနေဒါနိုင်ငံသားများကို ဗီဇာဆိုင်းငံ့လိုက်ကြောင်း အိန္ဒိယအစိုးရပြော
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၁
အိန္ဒိယအစိုးရဟာ စက်တင်ဘာ ၂၁ ရက်က စတင်ပြီး ကနေဒါနိုင်ငံသားတွေကို ဗီဇာဆိုင်းငံ့လိုက်ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။
ကနေဒါနိုင်ငံမှာ နေထိုင်တဲ့ အိန္ဒိယခွဲထွက်ရေးခေါင်းဆောင်လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် ကနေဒါ နဲ့ အိန္ဒိယနိုင်ငံကြား သံတမန်ဆက်ဆံရေးတင်းမာမှုတွေရှိလာခဲ့ကာ သံတမန်တွေကို အပြန်အလှန်နှင်ထုတ်ခဲ့ကြောင်း သိရပါတယ်။
အိန္ဒိယအစိုးရက "စက်တင်ဘာ ၂၁ ရက်က စတင်ပြီး ကနေဒါနိုင်ငံသားတွေကို ဗီဇာဆိုင်းငံ့လိုက်ပါတယ်။ နောက်ထပ် သတိပေးချက်တွေလည်း ထုတ်ပြန်ပေးသွားမယ်" လို့ ပြောပါတယ်။
ကနေဒါနိုင်ငံ Vancouver မြို့မှာ ဆစ်ခွဲထွက်ရေးခေါင်းဆောင် လုပ်ကြံသတ်ဖြတ်ခံရမှုနောက်ကွယ်မှာ အိန္ဒိယအစိုးရ ပါဝင်နေတယ်လို့ စွပ်စွဲခဲ့ပြီးနောက် နှစ်နိုင်ငံကြားတင်းမာမှုတွေ၊အပြန်အလှန် ပြစ်တင်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ ကနေဒါနိုင်ငံမှာ နိုင်ငံရေးဆန်တဲ့ အမုန်းတရားတွေ၊ ရာဇဝတ်မှုတွေနဲ့ အကြမ်းဖက်မှုတွေရှိနေတဲ့အတွက် ကနေဒါနိုင်ငံရှိအိန္ဒိယနိုင်ငံသားများရဲ့ဘေးကင်းရေးကို စိုးရိမ်မိကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကဆိုပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန က "အိန္ဒိယအစိုးရကို ဆန့်ကျင်တဲ့အဖွဲ့အစည်းတွေဟာ ကနေဒါနိုင်ငံရှိအိန္ဒိယ သံတမန်တွေနဲ့ အိန္ဒိယလူအဖွဲ့အစည်းကို ခြိမ်းခြောက်နေတယ်" လို့ပြောပါတယ်။
ကနေဒါ ပြည်သူများဘေကင်းရေးဝန်ကြီးဌာန ဝန်ကြီးကတော့ အိန္ဒိယအစိုးရရဲ့စွပ်စွဲပြောဆိုမှုတွေကို ငြင်းဆန်ထားပြီး ကနေဒါနိုင်ငံက ဘေးကင်းလုံခြုံမှုရှိတဲ့နိုင်ငံဖြစ်ကြောင်း သိရပါတယ်။
ဆစ်ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သလို ခွဲထွက်ရေးသမားတစ်ဦးဖြစ်တဲ့ Nijjar ဟာ ဆစ်ဘာသာရေးအဆောက်အဦးအပြင်ဘက်မှာ မျက်နှာဖုံးဝတ်ထားတဲ့သေနတ်သမားနှစ်ဦးရဲ့လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ကြောင်း သိရပါတယ်။ ၎င်းဟာ လူသတ်မှုကျူးလွန်ဖို့ ကြံစည်မှုအပြင် အကြမ်းဖက်မှုများကျူးလွန်ခဲ့ခြင်းကြောင့် အိန္ဒိယအစိုးရက ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ခွဲထွက်ရေးခေါင်းဆောင်လည်းဖြစ်ပါတယ်။
အိန္ဒိယအစိုးရတာဝန်ရှိသူများက ကနေဒါအာဏာပိုင်တွေဟာ အိန္ဒိယအစိုးရကို ဆန့်ကျင်သူများ၊ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့သူတွေကို နိုင်ငံအတွင်း လွတ်လပ်စွာနေထိုင်ခွင့်ပေးလျက်ရှိနေကြောင်း ဝေဖန်ထားပါတယ်။
ကနေဒါအစိုးရဟာ အိန္ဒိယအစိုးရကို ဆန့်ကျင်နေတဲ့ ခွဲထွက်ရေးသမား အနည်းဆုံး ၉ ဦးကို လက်ခံထားကြောင်း၊ အဲဒီခွဲထွက်ရေးသမားတွေဟာ ကနေဒါနိုင်ငံအတွင်းရှိ အိန္ဒိယနိုင်ငံသားတွေကို ပစ်မှတ်ထားလုပ်ကြံဖို့ ကြံစည်နေသူများဖြစ်ကြောင်း ဝေဖန်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့တွင် ဓာတ်အားစနစ်ချို့ယွင်းမှုကြောင့် ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်နေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ