ရန်ကုန်မြို့တွင် ဓာတ်အားစနစ်ချို့ယွင်းမှုကြောင့် ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်နေ
ယွန်း (NSS) - စက်တင်ဘာ ၂၁
ဓာတ်အားစနစ်ချို့ယွင်းမှုကြောင့် ရန်ကုန်တိုင်းရှိ မြို့နယ်များတွင် ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်နေကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ထုတ်ပြန်ထားသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း( YESC) မှ ယနေ့(စက်တင်ဘာလ ၂၁ ရက်)၊ နေ့လည်ပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ယနေ့ နေ့လည်(၂)နာရီအချိန်ခန့်တွင် (၂၃၀)ကေဗွီ သပြေဝ-တောင်တွင်းကြီးမဟာဓာတ်အားလိုင်းအပြစ်ဖြင့်ဓာတ်အားစနစ်ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ယာယီ ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်နေပြီး ဓာတ်အားပြန်လည်ပေးနိုင်ရေး အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်း ဆောင်ရွက်လျှက်ရှိပါကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရေကြီးရေလျှံမှုကြောင့် ယခုလအတွင်း ကလေးမြို့ရှိ ရပ်ကွက်(၆)ခုမှ ဒေသခံ(၁၀၀၀)ခန့် ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရဟုဆို
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ