အကျဉ်းကျနေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ခွဲစိတ်မှုတွေ လုပ်ဆောင်ခဲ့ရကြောင်း သမီးဖြစ်သူ ထုတ်ဖော်ပြော
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂ဝ
အကျဉ်းကျနေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာခွဲစိတ်မှုတွေလုပ်ဆောင်ခဲ့ရကြောင်း၊ ၎င်းရဲ့သမီးဖြစ်သူ ပီတွန်တန် ရှင်နာဝါထရာက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အသက် ၇၄ နှစ်အရွယ်ရှိ သက်ဆင်ဟာ ၂ဝဝ၆ ခုနှစ်မှာ အာဏာသိမ်းခံရပြီးနောက် ပြည်ပကို ၁၅ နှစ်ကြာ ထွက်ပြေးခဲ့ပြီးနောက် ပြီးခဲ့တဲ့လမှာ ပြန်လာကာ ထောင်ဒဏ်ကျခံနေရသူဖြစ်ပါတယ်။
သက်ဆင်ဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်အတွင်း အကျင့်ပျက်လာဘ်စားမှုတွေရှိခဲ့တဲ့အတွက် ထောင်ဒဏ် ၈နှစ် ပြစ်ဒဏ်ကျခံဖို့ သတ်မှတ်ခံထားရသူဖြစ်ပြီး ထိုင်းနိုင်ငံကို ပြန်ရောက်ချိန်မှာ အကျဉ်းထောင်ကို ပို့ဆောင်ခံခဲ့ရပါတယ်။ သက်ဆင်ဟာ ထိုင်းအကျဉ်းထောင်မှာနေထိုင်ချိန် ပထမဆုံးရက်မှာပဲ ကျန်းမာရေးမကောင်းတဲ့အတွက် ထိုင်းရဲတပ်ဖွဲ့ဆေးရုံကို တင်ပို့ခဲ့ရကြောင်း သိရပါတယ်။
ထိုင်းဘုရင်ဟာ လက်ရှိအချိန်မှာ သက်ဆင်ကို ထောင်ဒဏ် ၈ နှစ်အစား ၇ နှစ်လျော့ချပေးခဲ့ရာ ထောင်ဒဏ် ၁ နှစ်သာ ကျခံရတော့မှာဖြစ်ပါတယ်။ ပီတွန်တန်ရှင်နာဝါထရာက "ကျွန်မ ရဲ့ဖခင်ဖြစ်သူဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ ခွဲစိတ်ခဲ့ရတယ်။ သူဟာ ပြန်ကောင်းမွန်လာဖို့အချိန်ဘယ်လောက်ကြာမလဲ မသိသေးဘူး" လို့ ပြောပါတယ်။
ဒါ့အပြင် ၎င်းတို့မိသားစုအနေနဲ့ ဖခင်ဖြစ်သူရဲ့ကျန်းမာရေးအခြေအနေများကြောင့် လွတ် ငြိမ်းချမ်းသာခွင့်လျှောက်ထားဖို့ လေ့လာနေကြောင်း ပီတွန်တန်ရှင်နာဝါထရာက ပြောပါတယ်။
၎င်းက "ဖခင်ဖြစ်သူကို လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးဖို့ တရားဝင်လျှောက်ထားတာမျိုးတော့မရှိသေးပါဘူး။ လေ့လာနေတုန်းပါပဲ" လို့ ပြောပါတယ်။
သက်ဆင်အနေနဲ့ လက်ရှိကျန်းမာရေးနဲ့ အသက်အရွယ်အရ ထောင်ဒဏ် ပြစ်ဒဏ် ၆ လ ကျခံပြီးချိန်မှာ လွတ်ငြိမ်းချမ်းသာခွင့်ရဖွယ်ရှိနေပြီး လာမယ့်နှစ် ဖေဖော်ဝါရီလမှာ လွတ်ငြိမ်းချမ်းသာခွင့်ရဖွယ်ရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မှရှမ်းပြည်သို့ တရားမဝင်သယ်ဆောင်လာသည့် ကျပ်သိန်း (၁၆၀၀)ကျော်တန်ဖိုးရှိ ဓာတုပစ္စည်းများကို သာစည်မြို့နယ်၌ဖမ်းဆီးရမိ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ