ဂျိုးဘိုင်ဒန်ရဲ့လက်ရှိကျန်းမာရေးအခြေအနေက လာမယ့်ရွေးကောက်ပွဲမတိုင်ခင် သမ္မတအဖြစ် ဆက်တာဝန်ယူဖို့ ကောင်းမွန်မှုမရှိကြောင်း အမေရိကန်နိုင်ငံသားအများစု ယုံကြည်နေ
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၈
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ သမ္မတအဖြစ် တာဝန်ယူဖို့ ကျန်းမာရေး ပြည်စုံကောင်းမွန်ခြင်းရှိကြောင်း အမေရိကန်နိုင်ငံသားအများစုက လက်ခံယုံကြည်နေကြောင်း မကြာသေးမီက ပြုလုပ်ခဲ့တဲ့စစ်တမ်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
ဂျိုးဘိုင်ဒန်ဟာ လက်ရှိအချိန်မှာ အသက် ၈ဝ အရွယ်ရှိနေပြီး၊ သမ္မတအဖြစ်တာဝန်ထမ်းဆောင်နေသလို လာမယ့် ၂ဝ၂၄ ခုနှစ်မှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာလည်း သမ္မတအဖြစ် ထပ်မံပါဝင်ယှဉ်ပြိုင်ဖို့ စီစဉ်နေသူဖြစ်ပါ တယ်။ ဂျိုးဘိုင်ဒန်ဟာ လက်ရှိအချိန်မှာလည်း ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက်များ ရှိနေတဲ့အတွက် စကားပြောဆိုမှုတွေ မှန်ကန်မှုမရှိဘဲ လွဲချော်မှုတွေ ရှိနေကြောင်း သတင်းတွေက ဆိုပါတယ်။
ဂျိုးဘိုင်ဒန်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း စကားပြောဆိုမှုတွေ ကမောက်ကမဖြစ်ခဲ့ရကြောင်း သိရပါတယ်။ အမေရိကန်အခြေစိုက် နာမည်ကျော်သတင်းစာတွေဖြစ်တဲ့ ဝါရှင်တန်ပိုစ့်နဲ့ နယူးယောက်တိုင်းမ်သတင်းစာတွေကတော့ ဂျိုးဘိုင်ဒန်ဟာ အသက်အရွယ်အလွန်ကြီးနေတယ်လို့ ဝေဖန်ထားပါတယ်။
ဝါရှင်တန်ပိုစ့်နဲ့ နယူးယောက်တိုင်းသတင်းစာက ဂျိုးဘိုင်ဒန်ကို ဝေဖန်ခဲ့ပြီးနောက် ဗြိတိန်အခြေစိုက်သတင်းဌာန တစ်ခုက စစ်တမ်းကောက်ယူခဲ့ရာ စစ်တမ်းဖြေဆိုသူ အမေရိကန်နိုင်ငံသား ၇၂ ရာခိုင်နှုန်းက ဂျိုးဘိုင်ဒန်ရဲ့ ကျန်းမာ အခြေအနေတွေဟာ လာမယ့်သမ္မတရွေးကောက်ပွဲမတိုင်ခင် သမ္မတအဖြစ် တာဝန်ယူဖို့ ကောင်းမွန်မှုမရှိကြောင်း ဖြေဆိုခဲ့ပါတယ်။
မကြာသေးမီက ဂျိုးဘိုင်ဒန် နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့် နှစ်ဦးကို နှိုင်းယှဉ်ပြီး သမ္မတအဖြစ်တာဝန်ယူဖို့ ဘယ်သူ ကျန်းမာရေးပိုကောင်းသလဲခေါင်းစဉ်နဲ့ စစ်တမ်းကောက်ယူခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ စစ်တမ်းဖြေဆိုသူအားလုံးရဲ့ ၄၃ ရာခိုင်နှုန်းက ဒေါ်နယ်ထရမ့်ကိုထောက်ခံခဲ့ပြီး ၁၆ ရာခိုင်နှုန်းကျော်က ဂျိုးဘိုင်ဒန် ကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။
စစ်တမ်းဖြေဆိုသူတွေရဲ့ ၁၂ ရာခိုင်နှုန်းက ဒေါ်နယ်ထရမ့်နဲ့ ဂျိုးဘိုင်ဒန်ကို သမ္မတအဖြစ် တာဝန်ယူဖို့ ကျန်းမာရေးကောင်းမွန်မှုရှိတယ်လို့ ဖြေဆိုခဲ့ပြီး ၂၉ ရာခိုင်နှုန်းက နှစ်ဦးစလုံးဟာ သမ္မတအဖြစ်တာဝန်ယူဖို့ ကျန်းမာရေး မကောင်းဘူးလို့ ဖြေဆိုခဲ့ကြောင်း ဖြေဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့လမှာ CBS/YouGov တို့ရဲ့စစ်တမ်းမှာလည်း အမေရိကန်နိုင်ငံသား ၇၇ ရာခိုင်နှုန်းက ဂျိုးဘိုင်ဒန်ဟာ သမ္မတအဖြစ် ဒုတိယသက်တမ်း ထပ်မံတာဝန်ယူဖို့ အသက်အရွယ်အလွန်ကြီးနေတယ်လို့ ဖြေဆိုခဲ့ဖူးပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောင်းသား/သူ(၂၀၀)နီးပါး ပညာသင်ယူနေသည့် စာသင်ကျောင်းအား PDF အဖွဲ့မှ ခြိမ်းခြောက်စာဝင်ရေးခဲ့သဖြင့် ကျောင်းအား ယာယီပိတ်ထား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ