ကျောင်းသား/သူ(၂၀၀)နီးပါး ပညာသင်ယူနေသည့် စာသင်ကျောင်းအား PDF အဖွဲ့မှ ခြိမ်းခြောက်စာဝင်ရေးခဲ့သဖြင့် ကျောင်းအား ယာယီပိတ်ထား
NSS - စက်တင်ဘာ ၁၈
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူ(၁၈၇)ဦး ပညာသင်ယူနေသည့် အခြေခံပညာမူလတန်းလွန်ကျောင်းအား PDF အဖွဲ့မှ ခြိမ်းခြောက်စာဝင်ရေးခဲ့မှုကြောင့် ကျောင်းအားခေတ္တယာယီပိတ်ထားရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ရက်၊ နံနက် ၂နာရီအချိန်တွင် သရက်ချောင်းမြို့ နယ်၊ ရန်တောင်ကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ဖြစ်ပွားခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ အခြေခံပညာမူလတန်းလွန်ကျောင်းဝန်းအတွင်းသို့ PDF အဖွဲ့ အင်အား(၆)ဦးက ဆိုင်ကယ်(၃)စီးဖြင့်ရောက်ရှိလာပြီး ကျောင်းအတွင်း ဝင်ရောက်ကာ စာသင်ခန်းရှေ့အုတ်နံရံတွင် မှုတ်ဆေးအနီရောင်ဖြင့် ခြိမ်းခြောက်စာများ ရေးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် စာသင်ခန်းအရှေ့ဝရံတာ၌ M 16 ကျည်တစ်ထောင့်၊ (၉)လုံးကျည်တစ်တောင့်နှင့် အနီရောင်မှုတ်ဆေးဘူး(၂)ဘူးတို့ကိုလည်း ခြိမ်းခြောက်ထားသွားခဲ့ကြောင်းသိရသည်။
အဆိုပါခြိမ်းခြောက်ခံရသော ရန်တောင်ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းဆရာ၊ဆရာမ (၁၁)ဦးက ကျောင်းသား၊ ကျောင်းသူ(၁၈၇)ဦးအား ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ခြိမ်းခြောက်မှုကြောင့် လုံခြုံရေးအရ ကျောင်းအား ခေတ္တယာယီပိတ်ထားရပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ပါဝင်ကျူးလွန်သူများအား ဖမ်းဆီးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရေးမြို့၌ သတင်းရဲတပ်ဖွဲ့မှ ရဲအုပ်တစ်ဦး သေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံခံခဲ့ရ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း