နျူကလီးယားလက်နက်များ အသုံးပြုမယ်ဆိုရင် မြောက်ကိုရီးယားကို ပြင်းထန်စွာတုံ့ပြန်မယ်လို့ တောင်ကိုရီးယားသမ္မတ သတိပေး
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၈
မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားလက်နက်တွေ အသုံးပြုလာမယ်ဆိုရင် တောင်ကိုရီးယား နဲ့ အမေရိကန်တို့က ပြင်းထန်တဲ့လက်တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်က သတိပေးပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ရုရှားနိုင်ငံကို သွားရောက်ခဲ့ပြီး ရုရှားသမ္မတ ပူတင် အပါအဝင် အစိုးရတာဝန်ရှိသူများနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ဖို့ ကြိုးပမ်းခဲ့ပါတယ်။
တောင်ကိုရီးယားသမ္မတက "မြောက်ကိုရီးယားဟာ နျူကလီးယားတိုက်ခိုက်မှု တစ်စုံတရာလုပ်ဆောင်လာမယ်ဆိုရင် အမေရိကန် နဲ့ တောင်ကိုရီးယားအစိုးရတို့ဟာ ထိုက်တန်တဲ့တုံ့ပြန်မှုတွေ လုပ်ဆောင်မှာပါ" လို့ အေပီသတင်းဌာနနဲ့အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ဒီနှစ်အစောပိုင်းက တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်များကို ဆက်တိုက်စမ်းသပ်ခဲ့ပြီး မိမိနိုင်ငံကို ကာကွယ်ဖို့ နျူကလီးယားလက်နက်များအသုံးပြုခြင်းကို တွန့်ဆုတ်နေမှာ မဟုတ်ကြောင်း ပြောဆိုထားပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်က မြောက်ကိုရီးယားနျူကလီးယားတပ်ဖွဲ့တွေဟာ အရေကြီးတဲ့မစ်ရှင်တွေကိုဆောင်ရွက်နိုင်ဖို့ ပြီးပြည့်စုံတဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်ထားရမှာဖြစ်ကြောင်း ဒီနှစ်အစောပိုင်းက ညွှန်ကြားခဲ့ပါတယ်။
တောင်ကိုရီးယား နဲ့ အမေရိကန်တို့ဟာ မြောက်ကိုရီးယားနိုင်ငံအပေါ် ရန်လိုတဲ့သဘောနဲ့ပြုလုပ်နေတဲ့ စစ်ရေး လေ့ကျင့်ခန်းများ၊ ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးလှုပ်ရှားမှုတွေကို ရပ်တန့်ဖို့ လိုအပ်ကြောင်း၊ အဆိုပါရန်လိုတဲ့လုပ်ရပ်တွေကို မရပ်တန့်ဘူးဆိုရင် နျူကလီးယားလက်နက်များ အသုံးပြုတိုက်ခိုက်ကောင်း တိုက်ခိုက်နိုင်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်က ပြောပါတယ်။
အမေရိကန် နဲ့ မဟာမိတ်နိုင်ငံတွေဟာ ရုရှားနဲ့ မြောက်ကိုရီးယားနိုင်ငံကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုတိုးမြှင့်လာမှာကို စိုးရိမ်လျက်ရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျိုးဘိုင်ဒန်ရဲ့လက်ရှိကျန်းမာရေးအခြေအနေက လာမယ့်ရွေးကောက်ပွဲမတိုင်ခင် သမ္မတအဖြစ် ဆက်တာဝန်ယူဖို့ ကောင်းမွန်မှုမရှိကြောင်း အမေရိကန်နိုင်ငံသားအများစု ယုံကြည်နေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ