တရုတ်နိုင်ငံအနေနဲ့ အဖျက်သဘောလုပ်ရပ်တွေကို ရပ်တန့်စေလိုကြောင်း ထိုင်ဝမ်စစ်ဘက် တိုက်တွန်းတောင်းဆို
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၈
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်နိုင်ငံအနေနဲ့ အဖျက်သဘောဆောင်တဲ့ လုပ်ရပ်တွေ၊ တစ်ဖက်သတ်အပြုအမူတွေ လုပ်ဆောင်နေခြင်းကို ရပ်တန့်စေလိုကြောင်း တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
ထိုင်ဝမ်ကျွန်းနားမှာ တရုတ်နိုင်ငံရဲ့စစ်ရေးလှုပ်ရှားမှုများ ပိုမိုမြင့်တက်လာခဲ့ပြီးနောက် ထိုင်ဝမ်ဘက်က သတိပေးခဲ့ တာဖြစ်ပါတယ်။ ထိုင်ဝမ်စစ်ဘက်က တရုတ်ရဲ့အပြုမှုတွေဟာ တင်းမာမှုတွေကို ပိုမိုဖြစ်လာနိုင်ကြောင်း ဆိုထားပါတယ်။ တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်ဝမ်ကျွန်းနားကို တိုက်လေယာဉ်အစီးရေ ၁ဝ၃ စီး စေလွှတ် ပျံသန်းစေခဲ့ပြီးနောက် ထိုင်ဝမ်က တိုက်တွန်းတောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။
တရုတ်နိုင်ငံက ထိုင်ဝမ်ဟာ ၎င်းတို့ပိုင်နက်ဖြစ်တယ်လို့ ပြောဆိုထားပေမယ့် ထိုင်ဝမ်ကတော့ တရုတ်လက်အောက် က ခွဲထွက်ပြီး ကိုယ်ပိုင်လွတ်လပ်ရေးရယူဖို့ လိုလားနေပါတယ်။
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက "ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တရုတ်စစ်ဘက်ရဲ့လုပ်ရပ်တွေဟာ ထိုင်ဝမ် ရေလက်ကြားနဲ့ဒေသအတွင်း လုံခြုံရေးအတွက် ကြီးမားတဲ့စိန်ခေါ်မှုဖြစ်လာစေခဲ့ပါတယ်။ ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်၊ ငြိမ်းချမ်းရေးကို ဒေသအတွင်းရှိ အဖွဲ့အစည်းတွေ၊ နိုင်ငံအားလုံး ပူးပေါင်းတာဝန်ယူရမှာဖြစ်တယ်" လို့ ပြောပါတယ်။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကတော့ ထိုင်ဝမ်စစ်ဘက်ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တစ်စုံတရာ တုံ့ပြန် မှတ်ချက်ပြုခြင်းမရှိသေးပါဘူး။ တရုတ်စစ်ဘက်ဟာ ပြီးခဲ့တဲ့သီတင်းပတ်ကလည်း ထိုင်ဝမ်ကျွန်းရဲ့ အရှေ့မြောက် ဘက် ကမ်းရိုးတန်း နဲ့ တောင်တရုတ်ပင်လယ်တို့မှာ စစ်ရေးလေ့ကျင့်ဖို့ ရေတပ်သင်္ဘောအစီးရေ ၁ဝဝ ကျော် စေလွှတ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါရေတပ် စစ်ရေးလေ့ကျင့်ခန်းတွေဟာ ဒေသအတွင်းရှိ ပြိုင်ဘက်တွေကို ဖိအားပေးဖို့ ရည်ရွယ်တာမျိုးဖြစ်ကြောင်း တရုတ်စစ်ဘက်တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နျူကလီးယားလက်နက်များ အသုံးပြုမယ်ဆိုရင် မြောက်ကိုရီးယားကို ပြင်းထန်စွာတုံ့ပြန်မယ်လို့ တောင်ကိုရီးယားသမ္မတ သတိပေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ