သထုံမြို့၌ မြေတူးရာမှတွေ့ရှိခဲ့သည့် ရှေးဟောင်းအုတ်ခွက်ဘုရား အဆူ(၄၀၀)နီးပါးကို ရှေးဟောင်းသုတေသနဌာနက လက်ခံရယူမည်
ယွန်း( NSS) - စက်တင်ဘာ ၁၈
မွန်ပြည်နယ်၊ သထုံမြို့တွင် မြေတူးရာမှ တွေ့ရှိခဲ့သည့် အုတ်ခွက်ဘုရားများကို ရှေးဟောင်း သုတေသနဌာနမှ ယနေ့(စက်တင်ဘာလ ၁၈ ရက်)တွင် လက်ခံရယူသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အုတ်ခွက်ဘုရားများကို သထုံမြို့ရှိ အ.ထ.က(၄)ကျောင်းဝင်းအတွင်း ကျောင်း ဆောင်သစ်ဆောက်လုပ်ရန် မြေတူးရာမှတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရှေးဟောင်းသုတေသနဌာနမှ သိရသည်။
ထိုသို့တူးဖော်ခဲ့ရာ အုတ်ခွက်ဘုရားအကောင်း(၁၃၈)ဆူ၊ အကျိုးပဲ့(၂၂၄)ဆူ စုစုပေါင်း (၃၆၂)ဆူတွေ့ရှိခဲ့ပြီး အဆိုပါအုတ်ခွက်ဘုရားများကို ကျောင်းအုတ်ကြီးရုံးခန်းတွင် ခေတ္တပူဇော်ထားကြောင်း သိရသည်။
“ကျွန်တော့်ဆီက သုတေသနက အခုမှသွားနေတုန်းပါ။ လောလောဆယ်တော့ အဖွဲ့တစ်ဖွဲ့က လက်ခံရယူဖို့ သထုံကိုသွားနေပါတယ်။ ရပြီးမှထူးခြားမှုရှိလား ဘာလားသိရမှာပါ။ လက်ခံရယူဖို့ အခုမှသွားကြပါတယ်။ အရင်ကတော့ ကောလာဟလ လိုလိုပေါ့။ အခုကတော့ တရားဝင်အကြောင်းကြားလာတဲ့အတွက် လက်ခံဖို့ ဒီနေ့ပဲသွားပါတယ်” ဟု ရှေးဟောင်းသုတေသနဌာန ဒုတိယညွှန်ကြားရေးမှူး မွန်ပြည်နယ်တာဝန်ခံ ဦးအောင်နိုင်မိုးက NSS ကိုပြောသည်။
ထို့ပြင် ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း သထုံမြို့၌ အုတ်ခွက်ဘုရား(၉)ဆူတွေ့ရှိခဲ့သဖြင့် ရှေးဟောင်းသုတေသနဌာနမှလက်ခံရယူကာ ထိန်းသိမ်းခဲ့ကြောင်း ၎င်းက ဆက် လက်ပြောသည်။
အလားတူ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်းကလည်း သထုံမြို့၊ သိမ်ကုန်းရပ်ကွက် ရွှေစာရံဘုရားလမ်းရှိ အ-ထ-က(၂) ကျောင်းဝင်းအတွင်း မြေတူးရာမှ မုဒြာပုံစံအမျိုးမျိုးတို့ဖြင့် ရုပ်လုံးပေါ်ရှေးဟောင်းအုတ်ခွက်ဘုရားများနှင့် အကျိုးအပဲ့စုစုပေါင်း (၂၁ဝ)ကျော်အားတွေရှိခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြဝတီမြို့နယ်၌ ချောင်းတစ်ခုအတွင်းမျောပါလာသည့် ဆာလာအိတ်အတွင်းမှ ဓားဒဏ်ရာများစွာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းတွေ့ရှိ
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ