မြဝတီမြို့နယ်၌ ချောင်းတစ်ခုအတွင်းမျောပါလာသည့် ဆာလာအိတ်အတွင်းမှ ဓားဒဏ်ရာများစွာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းတွေ့ရှိ
သန့်ဇင် (NSS) - စက်တင်ဘာ ၁၈
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ချောင်းတစ်ခုအတွင်းမျောပါလာသည့် ဆာလာအိတ်အတွင်းမှ ဓားဒဏ်ရာများစွာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါအမျိုးသားအလောင်းကို ယမန်နေ့(စက်တင်ဘာလ ၁၇ရက်)၊ မွန်းလွဲ ၂နာရီအချိန်တွင် မြဝတီမြို့နယ်၊ သင်္ဃန်းညီနောက်မြို့သစ်၊ ရွာသစ်ချောင်းအတွင်း၌ တွေ့ရှိခဲ့ကြောင်း သင်္ဃန်းညီနောင်မြို့သစ်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
“အသတ်ခံရပြီး ဆာလာအိတ်နဲ့ထုတ်ထားတာ။ အဲဒါချောင်းထဲမှာမျောလာတာပါ။ အသတ်ခံရတဲ့လူက အရင်ရက်ကပျောက်သွားတဲ့ တက္ကစီသမားလို့တော့ သိရတယ်ဗျ”ဟု သင်္ကန်းညီနောက်လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါသေဆုံးသူအမျိုးသားသည် မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်တွင်နေထိုင်သည့် အသက် (၂၃)နှစ်အရွယ် အောင်ချမ်းလင်းဆိုသူဖြစ်ပြီး လွန်ခဲ့သည့် စက်တင်ဘာလ ၁၆ ရက်က ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဓားဒဏ်ရာကတော့များတယ်ဗျ။ အလောင်းကိုတွေ့တော့လဲ တက္ကစီအသင်းအင်္ကျီနဲ့ပါ”ဟု ၎င်းကဆက်လက်ပြောသည်။
သေဆုံးသူအမျိုသားအား သင်္ဃန်းညီနောင်လူမှုကူညီရေးအသင်းမှ မြဝတီမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ(၄၇၀)ကျော်ရှိရာ ယာယီပိတ်သိမ်းထားသည့် အေဂျင်စီ(၁၀)ခုရှိနေဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း