မြောက်ကိုရီးယားခေါင်းဆောင်ကို ရုရှားက ကျည်ကာအင်္ကျီနဲ့ ဒရုန်းတွေ လက်ဆောင်ပေး
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၈
ရုရှားအာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ရုရှားနိုင်ငံကိုလာရောက်လည်ပတ်ခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ကို ဒရုန်းတွေ လက်ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
ကင်ဂျုံအမ်ဟာ ရုရှားနိုင်ငံ ပရီမိုစကီးမြို့ကို ရောက်ရှိချိန်အတွင်း မြို့အုပ်ချုပ်ရေးမှူးဖြစ်သူ Oleg Kozhemyako က လက်ဆောင်ပေးတဲ့ kamikaze-drones ဒရုန်းငါးစင်း နဲ့ Geran-25 အမျိုးအစား ထောက်လှမ်းရေး ဒရုန်းတစ်စင်းတို့ကို လက်ခံရယူခဲ့ကြောင်း သိရပါတယ်။
ကင်ဂျုံအမ်ဟာ ရုရှားနိုင်ငံမှာ ၅ ရက်ကြာနေထိုင်ခဲ့ပြီး ရုရှားသမ္မတပူတင်၊ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူးတို့နဲ့ တွေ့ဆုံဆွေးနွေးကာ ရုရှားနိုင်ငံရှိ ဒုံးကျည်၊ နျူကလီးယား အစရှိတဲ့ စက်ရုံတွေကို သွားရောက်လေ့လာခဲ့ကြောင်း သိရပါတယ်။
ပရီမိုစကီးမြို့အုပ်ချုပ်ရေးမှူးဟာ ကင်ဂျုံအမ်ကို ကျည်ကာ အဝတ်အစားတွေလည်း ပေးခဲ့ကြောင်း၊ အဲဒီကျည်အဝတ်စားဟာ ဝမ်းဗိုက်၊ ပုံခုံး၊ ပေါင်ခြံ၊ လည်ချောင်းတို့ကိုအပြည့်အဝလုံခြုံမှုပေးနိုင်ကြောင်း သိရပါတယ်။
အဆိုပါကျည်ကာအင်္ကျီဟာ ပေါ့ပါးပြီး အသုံးပြုရလွယ်ကူကြောင်း၊ သိရပါတယ်။ ရုရှားနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးချိန်အတွင်း နှစ်နိုင်ငံကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ဖို့ အဓိကထားဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
မြောက်ကိုရီးယားဟာ ယူကရိန်းနဲ့ စစ်ဖြစ်နေတဲ့ ရုရှားကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ လက်ရှိအချိန်မှာ ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန်၊ တောင်ကိုရီးယားနိုင်ငံတို့နဲ့ တင်းမာမှုတွေရှိနေကြောင်း သိရပါတယ်။ မြောက်ကိုရီးယားနဲ့ ရုရှားတို့ ဆက်ဆံရေးပိုမိုကောင်းမွန်လာမှာ အမေရိကန် ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေ စိုးရိမ်မှုမြင့်တက်နေချိန်မှာပဲ မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအမ်ဟာ ရုရှားနိုင်ငံကို သွားရောက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြိတ်မြို့နယ်၌ ကုန်တင်စက်လှေတစ်စီး မီးလောင်မှု ဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ