မြိတ်မြို့နယ်၌ ကုန်တင်စက်လှေတစ်စီး မီးလောင်မှု ဖြစ်ပွား
သန့်ဇင် (NSS) - စက်တင်ဘာ ၁၈
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် ကုန်တင်စက်လှေကြီးတစ်စီး ကုန်းပေါ်တင်ထားစဉ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့ပြအနာဂါတ်လူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါ စက်လှေမီးလောင်မှုသည် ယနေ့(စက်တင်ဘာလ ၁၈ ရက်)၊ နံနက် ၈နာရီခွဲဝန်းကျင်အချိန်တွင် မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ ရှောက်တခင်းကျေးရွာရှိ ကုန်းပေါ်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အထက်ကလူကြီးတွေပြောကြတာတော့ စက်လှေရဲ့အတွင်းစက်ခန်းကနေ မီးစလောင်တယ်လို့တော့ သိရတယ်။ ကုန်တင် ကုန်ချလုပ်တဲ့ စက်လှေကြီးပေါ့နော်” ဟု မြို့ပြအနာဂါတ်လူငယ်များလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါစက်လှေမီးလောင်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း စက်လှေအတွင်းပိုင်းစက်ခန်းနှင့် စက်လှေ၏နောက်ပိုင်း အားလုံးနီးပါးခန့် မီးလောင်သွားခဲ့ကြောင်း သိရသည်။
“လူထိခိုက်မှုတော့မရှိပါဘူး။ စက်လှေကတော့ စက်ခန်းတစ်ခန်းလုံးမီးလောင်သွားတယ်။ မီးကလဲများတယ်ဗျ။ စက်ခန်းကတော့ အကုန်သုံးလို့မရတော့ဘူး။ စက်လှေရှေ့ခြမ်းပဲမလောင်တာ နောက်ပိုင်းကတော့ တော်တော်လောင်သွားတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့နောက် စက်လှေမီးလောင်မှုအား မြိတ်ခရိုင်မီးသတ်၊ မြို့နယ်မီးသတ်နှင့် အခြားအသင်း အဖွဲ့များက ၂နာရီကြာခန့်မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထားဝယ်အခြေစိုက် ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ဥက္ကဋ္ဌကို PDF အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း