မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး ကာကွယ်ရေး နှင့် စီးပွားရေးကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရန် ဆွေးနွေး
မျိုးကြီး (NSS) - စက်တင်ဘာ ၁၈
မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး ကာကွယ်ရေး နှင့် စီးပွားရေးကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့မြှင့်တင်ရန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ရုရှားနိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေသည် ဘယ်လာရုစ်နိုင်ငံခြား ရေးဝန်ကြီးမစ္စတာဆာရေး အယ်လယဲနိခ်၏ ဖိတ်ကြားချက်အရ စက်တင်ဘာလ ၁၄ ရက်တွင် ဘယ်လာရုစ်နိုင်ငံသို့ ထပ်မံသွားရောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် စက်တင်ဘာလ ၁၅ ရက်နံနက်ပိုင်းတွင် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာန၌ မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံဆွေးနွေးပွဲကို ကျင်းပခဲ့သည်ဟု နစကမှ သတင်းထုတ်ပြန်ထား သည်။
၎င်းဆွေးနွေးပွဲကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သောအဖွဲ့နှင့် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂေးအယ်လယဲနိခ် ဦးဆောင်သောအဖွဲ့တို့ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဆွေးနွေးပွဲများ ကျင်းပသွားရေး၊ ပြည်သူအချင်းချင်းအပြန်အလှန် ထိတွေ့ဆက်ဆံမှုတိုးမြှင့်သွားရေးတို့ကို နှစ်ဖက်အကြား ထည့်သွင်းဆွေးနွေးခဲ့သည်ဟု နစကမှ အသိပေးထားသည်။
ထို့ပြင် မြန်မာနှင့်ဘယ်လာရုစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ကာကွယ်ရေး၊ စိုက်ပျိုးရေး၊ ပညာရေး၊ သိပ္ပံနှင့်နည်း ပညာအစရှိသည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့မြှင့်တင်သွားရေးကိစ္စရပ်များကို နှစ်နိုင်ငံအကြား ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေသည် ဘယ်လာရုစ်နိုင်ငံခရီးစဉ်အတွင်း မင့်စ်မြို့၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအား တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ကုလသမဂ္ဂ၌ မြန်မာနိုင်ငံနှင့်ပတ်သက်သော ကိစ္စရပ်များနှင့်ပတ်သက်၍ ရုရှားနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံတို့သည် မြန်မာနိုင်ငံဘက်မှ ထောက်ခံပေးမှုများရှိခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပုဏ္ဏားကွန်းမြို့နယ် ကုလားတန်မြစ်အတွင်း၌ ပုပ်ပွသေဆုံးနေသည့် အမျိုးသမီးအလောင်းတွေ့ရှိ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ