ပုဏ္ဏားကွန်းမြို့နယ် ကုလားတန်မြစ်အတွင်း၌ ပုပ်ပွသေဆုံးနေသည့် အမျိုးသမီးအလောင်းတွေ့ရှိ
သန့်ဇင် (NSS) - စက်တင်ဘာ ၁၈
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကွန်းမြို့နယ်ရှိ ကုလားတန်မြစ်အတွင်း ပုတ်ပွသေဆုံးနေသည့် အမျိုးသမီးအလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။
ရေနစ်သေဆုံးသူအမျိုးသမီးကို ယမန်နေ့ (က်တင်ဘာလ ၁၇ရက်)၊ မွန်းလွဲ ၂နာရီခွဲဝန်းကျင်အချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ နတ်ဆိတ်ကျေးရွာအနီးရှိ၊ ကုလားတန်မြစ်အတွင်း၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပုဏ္ဏားကျွန်းမြို့နယ်လူမှုကူညီရေးအသင်းထံမှ သိရသည်။
“ရွာနားက ကုလားတန်မြစ်ထဲမှာတွေ့တာပေါ့။ ရေနစ်သေတာက တစ်ပတ်လောက်တော့ရှိလိမ့်မယ်။ ရုပ်ကပျက်ပြီး တော်တော်ကိုပုပ်ပွ နေတာဆိုတော့လေ”ဟု ပုဏ္ဏားကျွန်းမြို့နယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါရေနစ်သေဆုံးသူအမျိုးသမီးသည် အသက်(၄၀)ဝန်းကျင်အရွယ်ဖြစ်ပြီး လက်ရှိအချိန်ထိ မိသားစုနှင့်အဆက်သွယ် မရရှိသေးကြောင်း သိရသည်။
“ပြင်ပဒဏ်ရာလို့တော့ယူဆရတဲ့ အရာတွေတော့ သိပ်မတွေ့ပါဘူး။ မိသားစုနဲ့လဲအဆက်အ သွယ်မရသေးပါဘူး။ ရုပ်ကိုတောင် မှန်းလို့မရတော့ပါဘူး” ဟု၎င်းကဆက်လက် ပြောသည်။
သေဆုံးသူအမျိုးသမီးအား ပုဏ္ဏားကျွန်းမြို့နယ်လူမှုကူညီရေးအသင်းမှ ပုဏ္ဏားကျွန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့ ညနေပိုင်းအချိန်တွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ ရကက(၂၀)၊ နောင်ခမ်းကြီးရပ်ကွက်၊ နောင်ခမ်းကြီးရေကန်အတွင်း၌ လူငယ်အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သန္တိသုခလူမှုကူညီရေးအသင်းထံမှ သိရသည်။
ရေနစ်သေဆုံးသူအမျိုးသားသည် အသက်(၁၅)နှစ်အရွယ်ဖြစ်ပြီး အထက်ပါရေကန်အတွင်းရေဆင်းကူးစဉ် ရေနစ်သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့နောက် ရေနစ်သေဆုံးသူအမျိုးသားအား သန္တိသုခလူမှုကူညီရေးအသင်းမှ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိုးကြိုးစက်ကွင်းခခဲ့သည့် ဓမ္မရာဇကဘုရားအား ပြုပြင်မှုများလုပ်ဆောင်ရန် တစ်လခန့်ကြာမြင့်နိုင်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း