တရုတ်နိုင်ငံမှာ ကျောင်းဆရာမက သုံးမြောင်ပေတံနဲ့ ပစ်ပေါက်မှုကြောင့် ကျောင်းသူတစ်ဦး ဆေးရုံရောက်ခဲ့ရ
ရောင်နီ (NSS) - စက်တင်ဘာ ၁၇
တရုတ်နိုင်ငံရှိ အစိုးရ ကျောင်းဆရာမတစ်ဦးဟာ ကျောင်းသူတစ်ဦးကို သုံးမြောင့်ပေတံနဲ့ ပစ်ပေါက်ခဲ့ရာမှ ပြင်းပြင်းထန်ထန် ဒဏ်ရာရစေမှု ဖြစ်ပွားခဲ့ပါတယ်။
ဆရာမရဲ့ သုံးမြောင့်ပေတံနဲ့ပစ်ပေါက်မှုဟာ ကျောင်းသူရဲ့ ဦးခေါင်းကို ထိမှန်ခဲ့ပြီး ခေါင်းဘယ်ဘက်မှာ အရှည် ၄ စင်တီမီတာခန့်ရှိတဲ့ ဒဏ်ရာတစ်ခုဖြစ်ခဲ့ကာ ပေတံရဲ့အစအနတွေဟာ ဦးခေါင်းထဲထိ ဝင်နေခဲ့တာကြောင့် ၅ နာရီကြာ ခွဲစိတ်ကုသမှု ပြုလုပ်လိုက်ရတယ်လို့ သိရပါတယ်။ ဒီဖြစ်ရပ်ဟာ ချောင်ရှာမြို့ရှိ မိုင်ဇီလိဒ် မူလတန်းကျောင်းမှ စတုတ္ထတန်း အခန်းထဲမှာ စက်တင်ဘာလ ၆ ရက်က ဖြစ်ပွားခဲ့တာပါ။ ကျောင်းသူမိန်းကလေးဟာ အသက် ကိုးနှစ်သာရှိသေးပြီး စက်တင်ဘာလ ၆ ရက်မှာပဲ ချက်ချင်း ဆေးရုံပို့ဆောင်ခဲ့ရကာ အချိန် ငါးနာရီနီးပါးကြာ ခွဲစိတ်ကုသမှု ခံယူခဲ့ရတယ်လို့ တရုတ်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ဒီဖြစ်ရပ်ကြောင့် ဆောင်း အမည်ရှိ ကျောင်းဆရာမကို ရည်ရွယ်ချက်ရှိရှိ ဒဏ်ရာရစေမှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က စက်တင်ဘာလ ၇ ရက်မှာ ပြောကြားခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေချိန်မှာ ကျောင်းအုပ်ဆရာမနဲ့ ၎င်းရဲ့ကြီးကြပ်ရေးမှူးတို့ကို တာဝန်မှရပ်ဆိုင်းထားကြောင်း ဒေသဆိုင်ရာ ပညာရေး အာဏာပိုင်များက ပြောကြားပါတယ်။ ထိခိုက်ခဲ့သူ ကျောင်းသူရဲ့မိခင်ဖြစ်တဲ့ မစ္စဝမ်ရဲ့ပြောကြားချက်အရ ကျောင်းဝန်ထမ်းတွေဟာ ကလေးရဲ့ဒဏ်ရာပြင်းထန်မှုကို ဖုံးကွယ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ သိရပါတယ်။ အခုအချိန်မှာတော့ ကျောင်းသူဟာ ဒဏ်ရာသက်သာလာပြီ ဖြစ်ပါတယ်။
ကျောင်းဆရာမ ဆောင်းဟာ သူ့အရင် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျောင်းမှာလည်း တပည့်တွေကို ရိုက်နှက်အပြစ်ပေးမှုနဲ့ပတ်သက်ပြီး တိုင်ကြားချက်တွေ ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ နိုင်ဂျာ အပါအဝင် အာဖရိကသုံးနိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မယ့် စာချုပ်အသစ်ချုပ်ဆို
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း