ဒုတပ်ချုပ်နှင့် အာဆီယံ(၅)နိုင်ငံမှ လေတပ်ဦးစီးချုပ်များ တွေ့ဆုံ၊ ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေမှုများကို အသိပေးရှင်းပြ
မျိုးကြီး (NSS) - စက်တင်ဘာ ၁၅
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အာဆီယံ(၅)နိုင်ငံမှ လေတပ်ဦးစီးချုပ်များသည် စက်တင်ဘာ ၁၄ ရက်တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးထွန်းအောင်၊ စစ်ဦးစီ အရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်ဟု နစကမှ ဆိုသည်။
အလားတူ ယင်းတွေ့ဆုံပွဲသို့ ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ လေတပ်ဦးစီးချုပ်များက တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့တွေ့ဆုံရာတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက နစကအနေဖြင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်နေသည့်အခြေအနေ များ၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူရေးအတွက် ပြင်ဆင်ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းပြပြောဆိုခဲ့ကြောင်း သိရသည်။
ထို့ပြင် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်မှု များဆောင်ရွက်နေသည့်အခြေအနေများကိုလည်း ဒုတပ်ချုပ်က အာဆီယံလေတပ်ဦးစီးချုပ်များကို ရှင်းလင်းအသိပေးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
အလားတူ အာဆီယံတပ်မတော်များအချင်းချင်းကြား ပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ်များကိုလည်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သော စက်တင်ဘာ ၁၃ ရက်တွင် နေပြည်တော်၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် အကြိမ်(၂ဝ)မြောက် အာဆီယံ လေတပ်ဦးစီးချုပ်များအစည်းအဝေးများကို ကျင်းပခဲ့ပြီး ၎င်းအစည်းအဝေးသို့ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား နှင့် ဘရူနိုင်းနိုင်ငံမှ လေတပ်ဦးစီးချုပ်များက လူကိုယ်တိုင်တက်ရောက်ခဲ့ကြသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်တွေမြို့ပေါ်၌ ရခိုင်လက်နက်ကိုင်အဖွဲ့ ALP မှ အဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ