ရှေ့သို့ချီပါတီခေါင်းဆောင် ပီတလင်ဂျာရိုအမ်ရက် ပါတီခေါင်းဆောင်အဖြစ်က ရုတ်တရက် နှုတ်ထွက်
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၅
ထိုင်းရွေးကောက်ပွဲမှာ မဲအများဆုံး အနိုင်ရခဲ့တဲ့ ရှေ့သို့ချီပါတီခေါင်းဆောင် ပီတလင်ဂျာရိုအမ်ရက်ဟာ စက်တင် ဘာလ ၁၅ ရက်မှာ ပါတီခေါင်းဆောင်အဖြစ်က ရုတ်တရက်နှုတ်ထွက်ခဲ့ကြောင်း သိရပါတယ်။
ပီတလင်ဂျာရိုအမ်ရက်ဟာ ရှေ့သို့ချီပါတီကို ရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရအောင် ဦးဆောင်ခဲ့ပြီး စစ်တပ်က ကျောထောက်နောက်ခံပြုထားတဲ့ နိုင်ငံရေးပါတီတွေရဲ့ ဝေဖန်ပြစ်တင်မှုများကို ရင်ဆိုင်ခဲ့ရသူဖြစ်ပါ တယ်။ ပီတလင်ဂျာရိုအမ်ရက်ဟာ ထိုင်းဝန်ကြီးချုပ်အသစ် ရွေးချယ်ပွဲမှာ ရှေ့သို့ချီပါတီရဲ့ ဝန်ကြီးချုပ်လောင်း အဖြစ် အမည်စာရင်းတင်သွင်းခံရကာ ရွေးချယ်ခံပေမယ့် အထက်လွှတ်တော်ကိုယ်စားလှယ်များ၊ စစ်တပ် ကျောထောက်နောက်ခံပြုထားတဲ့ပါတီတွေရဲ့ ကန့်ကွက်မှုများကြောင့် ဝန်ကြီးချုပ်ဖြစ်ရေး မျှော်လင့်ချက် အဆုံးသတ်ခဲ့ရပါတယ်။
ပီတ လင်ဂျာရိုအမ်ရက်က "ကျွန်တော်ဟာ ရှေ့သို့ချီပါတီခေါင်းဆောင်အဖြစ်ကနေ နှုတ်ထွက်လိုက်ပါ တယ်။လွှတ်တော်မှာ ဝေဖန်ပြောဆိုတာတွေလုပ်နိုင်မယ့် အမတ်တစ်ဦးကို လမ်းခင်းပေးနိုင်ဖို့ ပါတီခေါင်းဆောင် အဖြစ်ကနေ နှုတ်ထွက်လိုက်တာပါ" လို့ ပြောပါတယ်။
၎င်းက "ကျွန်တော်ဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ဆိုင်းငံ့ခံထားရတဲ့အတွက် ကျွန်တော်ဟာ အမတ်တစ်ဦးအဖြစ် ရပ်တည်လို့မရသေးပါဘူး၊ ဒါပေမယ့်အနာဂတ်မှာတော့ အတိုက်ခံအုပ်စုခေါင်းဆောင် ဖြစ်လာ ဖွယ် ရှိနေပါတယ်" လို့ ပြောပါတယ်။
ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ အတိုက်ခံပါတီခေါင်းဆောင်ဟာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်များ ရှိနေကြောင်း သိရပါတယ်။ ရှေ့သို့ချီပါတီခေါင်းဆောင်အဖြစ်က နှုတ်ထွက်လိုက်ပေမယ့် ပါတီရဲ့ကိစ္စတွေကို အနီးကပ်ပါဝင်ပတ်သက်နေမှာဖြစ်ကြောင်း၊ ပီတလင်ဂျာရိုအမ်ရက် က ပြောပါတယ်။
ရှေ့သို့ချီပါတီ နဲ့ မဟာမိတ်ပါတီအဖြစ်ရပ်တည်ခဲ့ဖူးတဲ့ ဖြူထိုင်းပါတီဟာ လက်ရှိအချိန်မှာ အာဏာရညွှန်ပေါင်းအဖွဲ့ ကို ဖွဲ့စည်းဦးဆောင်နေပြီးဖြူထိုင်းပါတီနဲ့ ရှေ့သို့ချီပါတီကြား အတိုက်ခံအဖြစ် ရပ်တည်လျက်ရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒုတပ်ချုပ်နှင့် အာဆီယံ(၅)နိုင်ငံမှ လေတပ်ဦးစီးချုပ်များ တွေ့ဆုံ၊ ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေမှုများကို အသိပေးရှင်းပြ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ