ထိုင်းဘက်ခြမ်းကို မြန်မာစစ်သားတွေ ဝင်ရောက်လာခြင်းနဲ့ပတ်သက်ပြီး ပြစ်တင်ဝေဖန်မှုများအပေါ် ထိုင်းကာကွယ်ရေးဝန်ကြီးအသစ် တုံ့ပြန်
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၅
ထိုင်းနိုင်ငံအနေနဲ့ နယ်စပ်ဒေသကိုဖြတ်ကျော်ပြီး မြန်မာစစ်သားတွေ ထိုင်းနိုင်ငံဘက်ခြမ်းကို ဝင်ရောက်လာခြင်းကို မလိုလားကြောင်း၊ ဒီလိုအဖြစ်ပျက်မျိုးကို လက်မခံနိုင်တဲ့အတွက် နောက်ထပ်မဖြစ်ပွားဖို့ တောင်းဆိုထားကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
မြန်မာစစ်သား ၈ဝ နဲ့ ၁ဝဝ ကြားရှိအဖွဲ့ဟာ စက်တင်ဘာ ၃ ရက်က ထိုင်းနိုင်ငံဘက်ခြမ်းကို ဝင်ရောက်လာခဲ့ပြီး ထိုင်းနိုင်ငံဘက်ခြမ်းမှာ နှစ်ရက်ကြာနေထိုင်ခဲ့ရာ ပြည်သူတွေ စိုးရိမ်မှုများရှိခဲ့ကြောင်း ထိုင်း Tham Party မှ လွှတ်တော်အမတ်တစ်ဦးဖြစ်သူ Kanwee Suebsaeng က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ဖော်ပြောခဲ့ပါတယ်။
၎င်း က "ယူနီဖောင်းဝတ်ဆင်ထားတဲ့မြန်မာစစ်သားတွေ ထိုင်းနိုင်ငံဘက်ခြမ်းကို ကျူးကျော်ဝင်ရောက်လာတာမျိုး တွေ ရှိခဲ့တယ်။ ထိုင်းကာကွယ်ရေးဝန်ကြီးဌာနဟာ ဒီကိစ္စကို မသိဘူးလား။ ထိုင်းစစ်သားတွေဟာ ကြားနေအဖြစ် ရှိနေခဲ့တယ်။ ထိုင်းပိုင်နက်အတွင်းကို မြန်မာစစ်သားတွေ ဝင်ရောက်ခွင့်ပေးခဲ့တာက ထိုင်းပြည်သူတွေကြား စိုးရိမ်ကြောက်ရွံ့မှုတွေ ဖြစ်ခဲ့ရတယ်" လို့ ပြောပါတယ်။
ဒီလအစောပိုင်းမှာ ကာကွယ်ရေးဝန်ကြီးအသစ်အဖြစ် ခန့်အပ်ခံခဲ့ရသူ Suthin Khlangsaeng က " မြန်မာစစ်သား တွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ထိုင်းနိုင်ငံဘက်ခြမ်းကို ဝင်ရောက်လာ တာမျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ မြန်မာစစ်သားတွေကို ပုန်းခိုဖို့ နဲ့ ပြင်ဆင်ဖို့ နေရာပေးတာမျိုးမဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ နယ်စပ်ကော်မတီကတဆင့် မြန်မာစစ်သားတွေ ထိုင်းနိုင်ငံဘက်ခြမ်းထဲ ဝင်ရောက်လာတာကို ကန့်ကွက်ထားပါတယ်။ ကျွန်တော်တို့ စစ်သားတွေဟာလည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆွေးနွေး ထားတယ်။ မြန်မာစစ်သားတွေဟာ ကျွန်တော်တို့ ပြည်သူတွေကို ထိခိုက်အောင်လုပ်ဆောင်မယ့် ရည်ရွယ်ချက်မျိုး မရှိခဲ့ဘူး။ မြန်မာတပ်မတော်သားတွေဟာ မကြာသေးမီက ထိုင်းနိုင်ငံကနေ ပြန်ထွက်ခွာသွားပါတယ်" လို့ ပြောပါတယ်။
ဒါ့အပြင် ထိုင်းကာကွယ်ရေးဝန်ကြီးက ထိုင်းနိုင်ငံဘက်ခြမ်းကို ဝင်ရောက်လာတဲ့ မြန်မာစစ်သားတွေ ရဲ့ရည်ရွယ်ချက်ကို ကြည့်ဖို့လိုကြောင်း၊ ထိုင်းပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်တာမျိုး၊ ထိခိုက်အောင်လုပ်ဆောင်တာမျိုးဆိုရင် လက်တုံ့ပြန်သွားကြောင်း၊ ဒါပေမယ့် နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းဘက်ခြမ်း ကိုဝင်ရောက်လာတဲ့ မြန်မာတပ်မတော်သားတွေဟာ ထိုင်းပြည်သူတွေကို ထိခိုက်အောင်လုပ်ဖို့ ရည်ရွယ်ချက်မျိုး မရှိခဲ့ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး Suthin Khlangsaeng က ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှေ့သို့ချီပါတီခေါင်းဆောင် ပီတလင်ဂျာရိုအမ်ရက် ပါတီခေါင်းဆောင်အဖြစ်က ရုတ်တရက် နှုတ်ထွက်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ