ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို ရုရှားနိုင်ငံခြားရေးဝန်ကြီး ချီးကျူးပြောဆို
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၅
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗ့်သည် ယူကရိန်းစစ်ပွဲနှင့်ဆက်နွယ်ပြီး မြန်မာနိုင်ငံ၏ မိတ်ဆွေပီသသော ရပ်တည်ချက်၊ ဟန်ချက်ညီအောင် ထိန်းနိုင်မှုများကို ချီးကျူးပြောဆိုခဲ့ကြောင်း ရုရှားမီဒီယာတွေက ဖော်ပြထားသည်။
ယူကရိန်းနိုင်ငံအနေဖြင့် ရုရှားနိုင်ငံ၏ တရားဝင်အကျိုးစီးပွားများကို လက်ခံမည်ဆိုလျှင် ယူကရိန်းစစ်ပွဲဖြေရှင်းနိုင် ရန် ကမ်းလှမ်းအဆိုပြုချက်များကို ရုရှားဘက်က လက်ခံစဉ်းစားသွားဖွယ်ရှိနေကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီး က ထပ်မံပြောခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးသည် စက်တင်ဘာ ၁၄ ရက်က ရုရှားနိုင်ငံတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံဆွေးနွေးချိန်အတွင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗ့် နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့သည် စက်တင်ဘာ ၁၄ ရက်က ရုရှားနိုင်ငံတွင် တွေ့ဆုံချိန်အတွင်းဗဟိုဘဏ်များ ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရေးအပြင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးတိုးချဲ့နိုင်ရန် အဓိကထားဆွေးနွေးခဲ့ကြောင်း ရုရှားအခြေစိုက်မီဒီယာများက ဖော်ပြထားသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးက "ကျွန်တော်တို့ဟာ စွမ်းအင်ကဏ္ဍ၊ ငြိမ်းချမ်းတဲ့နျူကလီးယား လုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေး၊ အရပ်ဖက်လေကြောင်းလိုင်းကဏ္ဍ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ အာကာသလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ အလားလာတွေကို ဆွေးနွေးခဲ့တယ်။ စိုက်ပျိုးရေး၊ အစားစာလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်။ ဒါ့အပြင် ကျွန်တော်တို့ဟာ ဗဟိုဘဏ်များ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်မယ့်ကိစ္စ အပါအဝင် ဘဏ်လုပ်ငန်းနဲ့ ဘဏ္ဍာရေးကိစ္စတွေ ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေကို အဓိကထား အာရုံစိုက်ဆွေးနွေးခဲ့တယ်" ဟု သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆိုခဲ့သည်။
ထို့အပြင် ရုရှားနိုင်ငံခြားရေးဝန်ကြီးက "ကျွန်တော်တို့ဟာ ပြင်ပ အကြောင်းအရာများကြောင့် ကုန်သွယ်မှုပမာဏ ကျဆင်းစေရတဲ့စီးပွားရေးနဲ့ ကုန်သွယ်ရေးပြဿနာတွေကိုလည်း ဆွေးနွေးခဲ့ပြီး အပြန်အလှန်ကုန်သွယ်ရေး ပိုမို တိုးတက်လာစေဖို့ နဲ့ လမ်းကြောင်းအပြောင်းအလဲလုပ်ရမယ့်တာဝန်တွေကို စဉ်းစားတာမျိုးတွေ ရှိနေပါတယ်" ဟု ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံရှိ သစ်သီးဈေးကွက်သို့ မြန်မာနိုင်ငံမှ သစ်သီးဝလံများ တင်ပို့နိုင်ရေးနှစ်နိုင်ငံဆွေးနွေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ