တရုတ်နိုင်ငံရှိ သစ်သီးဈေးကွက်သို့ မြန်မာနိုင်ငံမှ သစ်သီးဝလံများ တင်ပို့နိုင်ရေးနှစ်နိုင်ငံဆွေးနွေး
ယွန်း(NSS) - စက်တင်ဘာ ၁၅
တိုင်းရင်းဆေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေးအတွက် မြန်မာ-တရုတ်နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြောင်း နစကမှ သိရသည်။
တရုတ်နိုင်ငံ၊ နန်နင်းမြို့သို့ ရောက်ရှိနေသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက စက်တင်ဘာ(၁၄)ရက်တွင် နန်နင်းမြို့ လိယွမ်နိုင်ငံတော်ဧည့်ဂေဟာ၌ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ Mr. Lan Tianli နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဥ် တရုတ်နိုင်ငံ၊ ကွမ်းရှီးဒေသတွင် ထူထောင်ထားရှိသည့် သစ်သီးဝလံဈေးကွက်သို့ မြန်မာနိုင်ငံမှ သစ်သီးဝလံများ တင်ပို့ရောင်းချနိုင်ရေးကို နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနှင့် ကွမ်းရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှင့် ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် တိုင်းရင်းဆေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အဆင့်မြင့် နည်းပညာဖြန့်ဝေပေးနိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း နစကမှ ဆိုထားသည်။
အလားတူ ခရီးသွားကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကိုလည်း နှစ်နိုင်ငံအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
စီးပွားကူးသန်းဝန်ကြီးအနေဖြင့် အကြိမ်(၂ဝ)မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် အကြိမ်(၂ဝ)မြောက် တရုတ်-အာဆီယံစီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိ နေခြင်းဖြစ်ပြီး အဆိုပါပြပွဲကို နန်နင်းမြို့တွင် စက်တင်ဘာ(၁၆)ရက်မှ (၁၉)ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုတွင် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ အပါအဝင် ကြက်သွန်၊ ငရုတ်၊ ပဲမျိုးစုံ၊ ရော်ဘာ နှင့် ရေထွက်ပစ္စည်းများကို တင်ပို့နေပြီး တရုတ်နိုင်ငံမှ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်း၊ စားသောက်ကုန် နှင့် ဆေးဝါးများကို ပြန်လည်တင်သွင်းကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သံတမန်ကျင့်ဝတ်နဲ့မညီတဲ့ အမေရိကန်သံတမန် နှစ်ဦးကို ရုရှားအစိုးရ နှင်ထုတ်
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း