သံတမန်ကျင့်ဝတ်နဲ့မညီတဲ့ အမေရိကန်သံတမန် နှစ်ဦးကို ရုရှားအစိုးရ နှင်ထုတ်
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၅
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနဟာ အမေရိကန်သံတမန်နှစ်ဦးကို နိုင်ငံအတွင်းကနေ နှင်ထုတ်လိုက်ကြောင်း စက်တင်ဘာ ၁၄ ရက်က သတင်းထုတ်ပြန်လိုက်ပါတယ်။
ရုရှားနိုင်ငံသားတစ်ဦးကို လူသစ်စုဆောင်းဖို့ ကြိုးပမ်းတယ်လို့ စွပ်စွဲခံထားရတဲ့ အမေရိကန်သံတမန်နှစ်ဦးကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက နှင်ထုတ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနဟာ အမေရိကန်သံအမတ်ကြီး Lynne Tracy ကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဆင့်ခေါ်ခဲ့ပြီး အမေရိကန်သံတမန်နှစ်ဦးဖြစ်တဲ့ ဒေးဗစ် ဘာစတိန်း နဲ့ ဂျက်ဖရီစီလင်းတို့ရဲ့သံတမန်မပီသတဲ့လုပ်ရပ်များကို ကန့်ကွက်ဆန့်ကျင်ခဲ့ကာ နိုင်ငံအတွင်းကနေ ၇ ရက်အတွင်း ထွက်ခွာဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။
ရုရှားထောက်လှမ်းရေးအဖွဲ့ FSB က အမေရိကန်သံတမန်နှစ်ဦးဟာ ရုရှားနိုင်ငံသားတစ်ဦးကို လျှိူ့ဝှက် သတင်းပေးသူအဖြစ် လူသစ်စုဆောင်းဖို့ ကြိုးပမ်းခဲ့တယ်လို့ သြဂုတ်လ နောက်ပိုင်း သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။ ရုရှားနိုင်ငံရဲ့ဥပဒေထဲမှာ နိုင်ငံခြားတိုင်းပြည် (သို့မဟုတ်) နိုင်ငံခြားအဖွဲ့အစည်းတစ်ခုနဲ့အတူ လျှို့ဝှက် ဆောင်ရွက်ခဲ့တဲ့အစီအစဉ်တွေမှာ ပူးပေါင်းပါဝင်သူတွေဟာ ရုရှားနိုင်ငံရဲ့လုံခြုံရေးကို တိုက်ရိုက် ထိခိုက်နစ်အောင် လုပ်ဆောင်သူအဖြစ်သတ်မှတ်ခဲ့ပြီး ထောင်ဒဏ် ၈ နှစ်အထိ ပြစ်ဒဏ်ချမှတ်မယ်လို့ သတ်မှတ်ထားပါတယ်။
အမေရိကန်သံတမန်နှစ်ဦးရဲ့ လူသစ်စုဆောင်းခံရတဲ့ ရုရှားနိုင်ငံသား Robert Shonov ဆိုသူကို ပြီးခဲ့တဲ့မေလမှာ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ၎င်းတို့အနေနဲ့ အမှားအယွင်း လုပ်ဆောင်တာမျိုးမရှိကြောင်း၊ ရုရှားအစိုးရရဲ့စွပ်စွဲချက်တွေက မှန်ကန်မှုမရှိကြောင်း တုံ့ပြန်ထားပါတယ်။ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အိမ်ရှင်နိုင်ငံရဲ့ပြည်တွင်းရေးကိုကြားဝင်စွက်ဖက်မှု အပါအဝင် အမေရိကန်သံရုံး ရဲ့ဥပဒေနဲ့မညီတဲ့လုပ်ရပ်များကို လက်မခံနိုင်ကြောင်း၊ အမေရိကန်သံရုံးရဲ့လုပ်ရပ်များကို တားဆီးသွားရမှာဖြစ် ကြောင်း ဆိုထားပါတယ်။
အမေရိကန် နဲ့ ရုရှားနိုင်ငံတို့ဟာ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ဆက်ဆံရေးအေးစက်ခဲ့ပြီး သံတမန်များ အပြန်အလှန် နှင်ထုတ်ခဲ့တာမျိုးတွေလည်း ရှိခဲ့ဖူးကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စက်သုံးဆီတင်သွင်းမည့်ပုံစံ ရွေးချယ်ရန် ကုမ္ပဏီများထံမှ သဘောထားမှတ်ချက် တောင်းခံ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း