လားရှိုးမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ ထိခိုက်သေဆုံးမှုများရှိနေ
NSS - စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျရေစီးဆင်းမှုများကြောင့် ရပ်ကွက်အချို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ယနေ့(စက်တင်ဘာလ ၁၄ ရက်)၊ နံနက် ၁နာရီဝန်းကျင်အချိန်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများစီးဆင်းကာ လားရှိုးမြို့အတွင်းသို့ဝင်ရောက်ခဲ့သဖြင့် ရေကြီးမှုများဖြစ်ပေါ်လျက်ရှိကြောင်း လားရှိုးလူငယ်များလူမှုကူညီရေးအသင်းထံမှ သိရသည်။
“ခုတော့ခရိုင်မီးသတ်က ကူညီကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်လျက်ရှိတုန်းပါ။ ရေကြီးတာကတော့ မိုးရွာပြီး တောင်ကျရေဆင်းလာတာ။ ကျွန်တော်သိရသလောက်ကတော့ ရပ်ကွက်(၅)ခုလောက်ထိ ရေကြီးနေတယ်လို့တော့ သိရတယ်”ဟု လားရှိုးမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါရေကြီးမှုကြောင့် လားရှိုးမြို့အတွင်းရှိ ရပ်ကွက်(၅)၊ ရပ်ကွက်(၆)၊ ရပ်ကွက်(၇)၊ ရပ်ကွက်(၈)နှင့် ရပ်ကွက်(၁၂) တို့တွင် နေအိမ်အတွင်းရေဝင်ပြီး လူပိတ်မိသည့် အခြေအနေများ၊ ရေစီးကြမ်းသည့် လမ်းများတစ်လျှောက်ရှိ ပစ္စည်းများမျောပါမှုများနှင့် နေအိမ်အုတ်တံတိုင်း ပြိုကျမှုကြောင့် လူပိမိသဖြင့် သေဆုံးမှုအခြေအနေများရှိကြောင်း သိရသည်။
"မိုးအရမ်းရွာလို့ ရပ်ကွက် (၅) ဘက်မှာ ရေကြီးမှုဖြစ်တယ်။ မိုးတအားရွာတဲ့အချိန်ကျ တောင်ကျရေက စီးဆင်းလာတယ်။ အဲဒီမှာ အုတ်တံတိုင်းပါပြိုတယ်။ လူတစ်ယောက်တော့ ဆုံးသွားတယ်။ ဆုံးသွားတဲ့ အစ်ကိုက အသက် (၄၀)ဝန်းကျင်လောက်ပါ"ဟု ၎င်းက ဆက်လက်ပြောသည်။
ရေကြီးမှုဖြစ်ပွားပြီး နေအိမ်အုတ်တံတိုင်းပြိုကျမှုကြောင့် လားရှိုးမြို့၊ ရပ်ကွက်(၅)ရှိ အသက်(၄၀)ဝန်းကျင်အမျိုးသားသည် ပိမိသေဆုံးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရေကြီးရေမှုဖြစ်စဉ်အား ခရိုင်မီးသတ်တပ်ဖွဲ့နှင့်အတူ အခြားဒေသခံလူမှုကူညီရေးအသင်းများမှ ကူညီကယ်ဆယ်မှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခရိုင်းမီးယားဒေသကို ပစ်မှတ်ထားတိုက်ခိုက်လာတဲ့ ယူကရိန်းဒရုန်း (၁၁)စင်းနဲ့ အမြန်သွားလှေတွေကို ဖျက်ဆီးနိုင်ခဲ့ဟု ရုရှားစစ်ဘက်ပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ