ခရိုင်းမီးယားဒေသကို ပစ်မှတ်ထားတိုက်ခိုက်လာတဲ့ ယူကရိန်းဒရုန်း (၁၁)စင်းနဲ့ အမြန်သွားလှေတွေကို ဖျက်ဆီးနိုင်ခဲ့ဟု ရုရှားစစ်ဘက်ပြော
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၄
ရုရှားစစ်ဘက်ဟာ ခရိုင်းမီးယားဒေသကို တိုက်ခိုက်ဖို့ ဦးတည်လာနေတဲ့ ယူကရိန်းရဲ့ဒရုန်း အနည်းဆုံး (၁၁)စင်းကိုပစ်ချနိုင်ခဲ့သလို ပင်လယ်နက်ထဲမှာလည်း ယူကရိန်းရဲ့မောင်းသူမဲ့ အမြန်သွားလှေတွေကို ယနေ့ (စက်တင်ဘာလ ၁၄ ရက်)က ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက "စက်တင်ဘာလ ၁၄ ရက်၊ နံနက် ၅ နာရီခွဲလောက်မှာ ယူကရိန်းဟာမောင်းသူမဲ့ ဒရုန်းတွေနဲ့ အကြမ်းဖက်တိုက်ခိုက်ဖို့ လုပ်နေခဲ့တယ်။ ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်တွေက ယူကရိန်းရဲ့မောင်းသူမဲ့ ဒရုန်း ၁၁ စင်းကို ပစ်ချနိုင်ခဲ့တယ်"လို့ပြောပါတယ်။
ပင်လယ်နက်အတွင်းရှိ ရုရှားစစ်သင်္ဘော Sergey Kotov ကိုလည်း ယူကရိန်းရေတပ်ဟာ မောင်းသူမဲ့အမြန်လှေတွေနဲ့ တိုက်ခိုက်ဖို့ ချဉ်းကပ်ခဲ့ကြောင်း၊ အဲဒီမောင်းသူမဲ့အမြန်လှေပေါ်မှာပေါက်ကွဲစေတဲ့ ပစ္စည်းများတင်ဆောင်ထားကြောင်း၊ ဒါပေမယ့် ယူကရိန်းရဲ့မောင်းသူမဲ့ အမြန်လှေငါးစင်းစလုံးကိုဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားစစ်ဘက်ကပြောပါတယ်။ ယူကရိန်းဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ ရုရှားပိုင်နက်တွေကို ဒရုန်းနဲ့တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့ပြီး အထူးသဖြင့် ခရိုင်းမီးယားဒေသကို ပစ်မှတ်ထားကာ တိုက်ခိုက်ဖို့ အရှိန်မြင့်လုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။
ယူကရိန်းဟာ ရုရှားသင်္ဘောကျင်းကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ခရုဇ်ဒုံးကျည်များနဲ့တိုက်ခိုက်ခဲ့ရာ အနည်းဆုံးလူပေါင်း (၂၄)ဦး ဒဏ်ရာရခဲ့ကြောင်းသိရပါတယ်။ ယူကရိန်းနဲ့ ရုရှားတို့ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကတည်းက စစ်ပွဲစတင်ခဲ့ပြီး လက်ရှိအချိန်အထိ တိုက်ခိုက်နေဆဲဖြစ်ရာ နှစ်နိုင်ငံကြား စစ်ပွဲအဆုံးသတ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့အလှမ်း ဝေးနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောပါတယ်။ ယူကရိန်းဟာ သိမ်းပိုက်ခံထားရတဲ့ ဒေသ လေးခုကို ပြန်လည်ရယူနိုင်ဖို့ ပြီးခဲ့တဲ့ဇွန်လအစောပိုင်းတည်းက ရုရှားတပ်ဖွဲ့တွေအပေါ် တန်ပြန်ထိုးစစ်ဆင်ခဲ့ပေမယ့် မျှော်လင့်သလောက်ရလဒ်မကောင်းဘဲ ရှေ့တန်းစစ်မျက်နှာပြင်တွေကို ထိုးဖောက်နိုင်ခြင်းမရှိသေးကြောင်း အနောက် အုပ်စုမီဒီယာတွေကဖော်ပြထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးတွင် နိုင်ငံရေးနှင့်စစ်ရေးကိစ္စများ ဆွေးနွေးမှုကိုရှောင်ရှားခဲ့ဟု ထိုင်းစစ်ဘက်ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ