လူကုန်ကူးခံရသည့် နီပေါနိုင်ငံသားများအား ရှာဖွေကယ်ဆယ်၍ နေရပ်ပြန့်ပို့နိုင်ရေး မြန်မာ- နီပေါနှစ်နိုင်ငံဆွေးနွေး
ယွန်း (NSS) - စက်တင်ဘာ ၁၄
လူကုန်ကူးခံရသည့် နီပေါနိုင်ငံသားများအား ရှာဖွေကယ်ဆယ်၍ နေရပ်ပြန်လည်ပို့နိုင်ရေးကို မြန်မာ- နီပေါနှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း နစကမှ သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် စက်တင်ဘာလ (၁၃) ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ် Mr. Harishchandra Ghimire အား နေပြည်တော်၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဥ် မြန်မာ- နီပေါ နှစ်နိုင်ငံပြည်သူများ အပြန်အလှန်လာရောက်လည်ပတ်နိုင်ရေးနှင့် လူဝင်မှုကြီးကြပ် ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် လူကုန်ကူးခံရသည့် နီပေါနိုင်ငံသားများအား ရှာဖွေကယ်ဆယ်ရေးနှင့် နေရပ်သို့ ပြန်လည်စေလွှတ်ပေးနိုင်ရေးအတွက် ကူညီပံပိုးပေးနိုင်ရေးကိုလည်း နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း နစကမှ အသိပေးထားသည်။
မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် နီပေါနိုင်ငံသားများ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လိုအပ်မှုများရှိပါက ဆက်သွယ်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားကို မြောက်ကိုရီးယားနိုင်ငံက ကျည်ဆံများ တစ်လခွဲကျော်ကြာ ကူညီထောက်ပံ့ပေးခဲ့ဟု ယူကရိန်းထောက်လှမ်းရေးအဖွဲ့ပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ