ရုရှားကို မြောက်ကိုရီးယားနိုင်ငံက ကျည်ဆံများ တစ်လခွဲကျော်ကြာ ကူညီထောက်ပံ့ပေးခဲ့ဟု ယူကရိန်းထောက်လှမ်းရေးအဖွဲ့ပြော
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၄
မြောက်ကိုရီးယားနိုင်ငံဟာ ရုရှားနိုင်ငံကို စစ်လက်နက်သုံးကျည်ဆံများ တစ်လကျော်ကြာ ကူညီထောက်ပံ့ပေးခဲ့ကြောင်း ယူကရိန်းထောက်လှမ်းရေးအဖွဲ့အကြီးအကဲ Kyrylo Budanov က ထုတ်ဖော်ပြောလိုက်ပါတယ်။
၎င်းက "မြောက်ကိုရီးယားဟာ ရုရှားကို ၁၂၂ မီလီမီတာ၊ ၁၅၂ မီလီမီတာ သုံးအမြှောက်ကျည်ဆံတွေ၊ Grad ဘက်စုံသုံး ရော့ကဒ်လောင်ချာကျည်ဆံတွေကို တစ်လခွဲကြာ ကူညီထောက်ပံ့ပေးခဲ့တယ်။ မြောက်ကိုရီးယားရဲ့ ကျည်ဆံတွေဟာ ရုရှားနိုင်ငံကို စစ်ပွဲမှာအနိုင်ရဖို့ ရည်ရွယ်ခဲ့တာဖြစ်တယ်" လို့ ပြောပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်ဟာ လက်ရှိအချိန်မှာ ရုရှားနိုင်ငံကို သွားရောက်နေပြီး သမ္မတပူတင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ အမေရိကန်အစိုးရဟာ ရုရှားနဲ့ မြောက်ကိုရီးယားကြား ဆက်ဆံရေး ပိုမို ကောင်းမွန်လာမှာကို စိုးရိမ်နေကြောင်း သိရပါတယ်။ မြောက်ကိုရီးယားနဲ့ ရုရှားနိုင်ငံကြား အပြန်အလှန် ဆက်ဆံရေးတိုးမြှင့်လာခြင်းက အမေရိကန် နဲ့ မဟာမိတ်နိုင်ငံတွေအပေါ် စိုးရိမ်မှုများရှိနေခဲ့ကြောင်း သိရပါတယ်။
အမေရိကန်အစိုးရက မြောက်ကိုရီးယားနိုင်ငံဟာ ရုရှားကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးနေကြောင်း ပြောဆိုထားပေမယ့် ဘယ်လိုပုံစံမျိုး လွှဲပြောင်းပေးနေခြင်းကို အတိအကျမသိဘဲဖြစ်နေကြောင်း သိရပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက မြောက်ကိုရီးယားနိုင်ငံကို သွားရောက်ခဲ့ရာ ကင်ဂျုံအမ်က ပိတ်ပင်ခံထားရတဲ့ဒုံးကျည်တွေကို ပြသခဲ့ကြောင်း သိရပါတယ်။ ယူကရိန်းနဲ့ ရုရှားတို့ စစ်ပွဲဖြစ်ပွား ခဲ့ပြီးနောက် အမေရိကန်ဟာ ရုရှားနိုင်ငံအပေါ် တစ်ဖက်သတ်ပိတ်ဆို့မှု အမျိုးမျိုးချမှတ်ခဲ့သလို ရုရှားကို စစ်လက်နက်ပစ္စည်းများ ကူညီပေးတဲ့နိုင်ငံတွေကိုလည်း ပိတ်ဆို့မှုထပ်မံချမှတ်မယ်လို့ ခြိမ်းခြောက်ထားကြောင်း သိရပါတယ်။
အမေရိကန်ဟာ ရုရှားကို ပိတ်ဆို့မှုချမှတ်ထားပြီး ယူကရိန်းကို အမေရိကန်ဒေါ်လာ ၁ဝဝ ဘီလျံကျော် တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းအကူအညီများ၊ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ ပံ့ပိုးပေးလျက်ရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သံဖြူဇရပ်-ရေးလမ်းမကြီးတွင် ကုန်ကားနှစ်စီးတိုက်မိခဲ့ရာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းတစ်ဦး မီးလောင်သေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ