မြောက်ကိုရီးယားနဲ့တင်းမာမှုရှိနေချိန်မှာပဲ တောင်ကိုရီးယားကို ဒေါ်လာ ၅ ဘီလျံတန်ဖိုးရှိ အက်ဖ် ၃၅ တိုက်လေယာဉ်များ ရောင်းချပေးဖို့ အမေရိကန်အစိုးရခွင့်ပြု
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၄
မြောက်ကိုရီးယားနိုင်ငံနဲ့ တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ အမေရိကန်အစိုးရဟာ တောင်ကိုရီးယားနိုင်ငံကို အမေရိကန်ဒေါ်လာ ၅ ဘီလျံတန်ဖိုးရှိ အက်ဖ် ၃၅ တိုက်လေယာဉ်များ ရောင်းချပေးသွားဖို့ ခွင့်ပြုလိုက်ကြောင်း သိရပါတယ်။
အမေရိကန်အစိုးရဟာ တောင်ကိုရီးယားနိုင်ငံကို ကိုယ်ပျောက်စွမ်းရည်ရှိတဲ့ အက်ဖ် ၃၅ တိုက်လေယာဉ်များ ရောင်းချပေးဖို့ အမေရိကန်စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ Lockheed Martin ကို ခွင့်ပြုပေးခဲ့ကြောင်း၊ တောင်ကိုရီးယားအက်ဖ် ၃၅ တိုက်လေယာဉ် ၂၅ စင်း ရောင်းချပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
အမေရိကန်အစိုးရက "ဒီရောင်းချမှုဟာ တောင်ကိုရီးယားတွေ့ကြုံနေရတဲ့ ကာကွယ်ရေးစွမ်းရည်ပိုင်းဆိုင်ရာခြိမ်းခြောက်မှုတွေ၊ အခက်အခဲပြဿနာတွေကို ပိုမိုကာင်းမွန်လာမှာဖြစ်တယ်။ ဒေသအတွင်း ရန်လိုမှုတွေကို တားဆီးနိုင်ဖို့ နဲ့ အမေရိကန်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းမှု ပိုမိုကောင်းမွန်လာမှာဖြစ်တယ်" လို့ ပြောပါတယ်။
အမေရိကန်စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္မဏီဟာ တောင်ကိုရီးယားနိုင်ငံကို တိုက်လေယာဉ်များအပြင် ဆက်စပ်ပစ္စည်းများ၊ အင်ဂျင်များကိုလည်း ကူညီထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ ၂ဝ၁၈ ခုနှစ်ကတည်းက အက်ဖ် ၃၅ တိုက်လေယာဉ်များကို အသုံးပြုခဲ့ကြောင်း သိရပါတယ်။ အမေရိကန်အစိုးရဟာ အဆိုပါအက်ဖ် ၃၅ တိုက်လေယာဉ်များကို မဟာမိတ်နိုင်ငံများကိုသာ အဓိက ရောင်းချပေးလျက်ရှိနေကြောင်း သိရပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ မြောက်ကိုရီးယား နဲ့ တောင်ကိုရီးယား နိုင်ငံကြားတင်းမာမှုတွေ ရှိနေချိန်မှာ အမေရိကန်က တောင်ကိုရီးယားကို တိုက်လေယာဉ်တွေ ရောင်းချခဲ့တာဖြစ် ပါတယ်။
မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအမ်ဟာ လက်ရှိအချိန်မှာ သမ္မတပူတင်နဲ့တွေ့ဆုံဆွေးနွေးဖို့ ရုရှားနိုင်ငံကို ရောက်ရှိနေကြောင်း သိရပါတယ်။ အမေရိကန်ဟာ လက်ရှိအချိန်မှာ တောင်ကိုရီးယား၊ ဂျပန်တို့နဲ့ပူးပေါင်းပြီး သုံးနိုင်ငံမဟာမိတ်အဖွဲ့ တည်ထောင်ထားကာ အဲဒီနှစ်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ ဖြန့်ကြတ်ချထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လူကုန်ကူးခံရသည့် နီပေါနိုင်ငံသားများအား ရှာဖွေကယ်ဆယ်၍ နေရပ်ပြန့်ပို့နိုင်ရေး မြန်မာ- နီပေါနှစ်နိုင်ငံဆွေးနွေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ