ခွဲတမ်းဖြင့် စားအုန်းဆီရောင်းချမှု လဝက်နီးပါးရှိပြီဖြစ်သော်လည်း လက်လီဈေးကွက်အတွင်း ဆီဝယ်ယူ၍ မရခြင်းကြောင့် အခက်အခဲများဖြစ်နေ
NSS - စက်တင်ဘာ ၁၃
စားအုန်းဆီကို လက်လီပြင်ပဈေးကွက်တွင်ဝယ်ယူ၍မရဘဲ သက်ဆိုင်ရာက ရောင်းချပေးနေသော ခွဲတမ်းချဆိုင်များတွင် တန်းစီဝယ်ယူရသဖြင့် ရန်ကုန်ရှိ သုံးစွဲသူပြည်သူများအကြား အခက်အခဲများဖြစ်ပေါ်နေကြောင်းသိရသည်။
စားသုံးဆီရောင်းချမှုအပေါ် ဈေးကွက်ပေါက်ဈေးကြီးမြင့်နေမှုအားဖြေရှင်းရန် ဆီတင်သွင်းသည့်ကုမ္ပဏီများက လက် လီရောင်းချသည့်ဆိုင်များကို တိုက်ရိုက်ဖြန့်ဖြူးသည့်ခွဲတမ်းစနစ်ဖြင့် ရောင်းချနေခြင်းဖြစ်သည်။
ပြည်ပမှတင်သွင်းသည့်ကုမ္ပဏီပေါက်ဈေးအရ ပြန်လည်ရောင်းချရာတွင် စားအုန်းဆီဆစ်ပိဿာလျှင် ၄၅ဝဝ ကျပ် ဝန်းကျင်ဖြင့်ရောင်းချနေပြီး ဈေးပိုမိုအမြတ်တင်ရောင်းချပါက ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေကြောင်းသိရသည်။
စားအုန်းဆီရောင်းချမှုသည် လဝက်နီးပါးကြာမြင့်လာပြီဖြစ်သော်လည်း ဈေးကွက်လိုအပ်ချက်ကို ဖူလုံစွာမဖြည့်ဆည်းနိုင်သည့်အပြင် ပြင်ပလက်လီဆီအရောင်းဆိုင်များက စားအုန်းဆီရောင်းချမှုကိုရပ်နားထားကြောင်းသိရသည်။
“ခွဲတမ်းအရရောင်းပေးရမယ်ဆိုတော့ ဝယ်တဲ့သူတစ်ဦးကို ငါးဆယ်သားပဲ ရောင်းလို့ရတယ်။ လိုသလောက်လာဝယ်နိုင်အောင် ခွဲတမ်းပေးတာမဟုတ်ဘူးလေ။ လက်လီဆိုင်အသေးတွေက အလုပ်ရှုပ်ခံပြီးမရောင်းတော့ဘူး။ အပြင်ဆိုင်တွေလဲ ဖမ်းမှာကြောက်လို့မရောင်းတော့ဘူး ။ အခုဆီကဝယ်မရတော့ဘူး”ဟု တောင်ဒဂုံမြို့နယ်မှ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။
စက်တင်ဘာလ ၁၃ ရက်ပေါက်ဈေးများအရ တရားဝင်ခွဲတမ်းဖြင့် ရောင်းချနေသည့် ဆီဆိုင်များတွင် စားအုန်းဆီတစ်ပိဿာလျှင် ၄၅၀၀ ကျပ်ဝန်းကျင်ရှိပြီး ပြည်ပမှတင်သွင်းသည့် နေကြာဆီနှင့်ဟင်းရွက်ဆီတစ်ပိဿာလျှင် တစ်သောင်းသုံးထောင်ကျပ် နှင့် ပြည်တွင်း၌ကြိတ်ခွဲထုတ်လုပ်သည့် ပဲဆီတစ်ပိဿာလျှင် တစ်သောင်းရှစ်ထောင်ကျပ်ဝန်းကျင်ဖြင့် ပေါက်ဈေးအသီးသီးရှိကြောင်းသိရသည်။
အထွေထွေကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် အခြေခံပြည်သူအများစုသည် စားအုန်းဆီကို အများအပြားသုံးစွဲနေကြရပြီး မြန်မာနိုင်ငံတွင် နှစ်စဉ်စားအုန်းဆီတင်သွင်းမှုတန်ချိန် သုံးသန်းဝန်းကျင်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမျိုးသားတစ်ဦးအား နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်၍ သတ်ဖြတ်မှု ရေတာရှည်မြို့နယ်တွင်ဖြစ်ပွား
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ