အမျိုးသားတစ်ဦးအား နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်၍ သတ်ဖြတ်မှု ရေတာရှည်မြို့နယ်တွင်ဖြစ်ပွား
NSS - စက်တင်ဘာ ၁၃
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် အမျိုးသားတစ်ဦးကို KNU နှင့် PDF ပူးပေါင်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်ကာ ဓားဖြင့်သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ရက်၊ ညနေ ၄နာရီခွဲအချိန်တွင် ရေတာရှည်မြို့နယ်၊ အုပ်ရှစ်ပင်ကျေးရွာရှိ သင်္ချိုင်းကုန်းအနီး၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဇီးဖြူကုန်းကျေးရွာတွင်နေထိုင်သည့် ဦးအောင်စိုးမင်းသည် ၎င်း၏နေအိမ်၌ရှိနေစဉ် KNU နှင့် PDF ပူးပေါင်းအဖွဲ့အင်အား(၉)ဦးခန့်ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ အခင်းဖြစ်ပွားရာ နေရာအရောက်၌ ဓားဖြင့်သတ် ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထိုသို့ ထိုးခုတ်သတ်ဖြတ်ခံရမှုကြောင့် ဇီးဖြူတန်းကျေးရွာနေ ဦးအောင်စိုးမင်း(၄၉)နှစ်၏ လည်ပင်းတွင် ပြတ်ရှဒဏ်ရာတစ်ချက်ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါလုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပို့ကုန်တင်ပို့ရာတွင် ဈေးကွက်တည်ငြိမ်ရေး နှင့် အရောင်းအဝယ်ကိုသာမက နိုင်ငံတကာ နှင့် ချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းရန် စီးပွားကူးသန်းဝန်ကြီး အသိပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း