ပညာရေးဝန်ဆောင်မှုလုပ်ကိုင်သည့် ကုမ္ပဏီများမှ နိုင်ငံခြားသားများ၏ ဗီဇာသက်တမ်းတိုးနိုင်ရေးထောက်ခံချက်ကို ပညာရေးဝန်ကြီးဌာနသို့ လျှောက်ထားရမည်ဟုဆို
NSS - စက်တင်ဘာ ၁၃
ပညာရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီများမှ နိုင်ငံခြားသားများ၏ ဗီဇာသက်တမ်း တိုးနိုင်ရေးအတွက် ထောက်ခံချက်များကို ပညာရေးဝန်ကြီးဌာနသို့သာ လျှောက်ထားရမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ပြီးခဲ့သည့် ရက်ပိုင်းက အသိပေး ထုတ်ပြန်ထားသည်။
ယခင်က ပညာရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီများမှ နိုင်ငံခြားသားများနှင့် ၎င်းတို့ ၏ မိသားစုဝင်များ ဗီဇာသက်တမ်းတိုး ဆက်လက်နေထိုင်နိုင်ရေး နှင့် အကြိမ်ကြိမ်ပြည် ပြန်ဝင်ခွင့်ဗီဇာ သက်တမ်းတိုး ထောက်ခံချက်ရရှိရေးအတွက်ထောက်ခံချက်ကို ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ပုဂ္ဂလိက ပညာရေးဥပဒေအား ပြဋ္ဌာန်းပြီးဖြစ်သည့်အတွက် အဆိုပါ ဥပဒေ အခန်း(၅)၊ (၉) နှင့် (၁ဝ) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
အလားတူ Myanmar Companies Online (MyCo) စနစ်တွင် မှတ်ပုံတင်ထားပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ရယူသည့် ကုမ္ပဏီများ နှင့် ရယူခြင်းမရှိသည့် ကုမ္ပဏီများအနက် ပညာရေးဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများတွင် တာဝန် ထမ်းဆောင်မည့် နိုင်ငံခြားသား ဝန်ထမ်းများအနေဖြင့် အဆိုပါ ဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပညာရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသော ကုမ္ပဏီများတွင် ခန့်အပ် တာဝန်ထမ်းဆောင်မည့် (သို့မဟုတ်) ထမ်းဆောင်နေသည့် နိုင်ငံခြားသားဝန်ထမ်း နှင့် မိသားစုဝင်များ၏ လုပ်ငန်း ဗီဇာထောက်ခံချက်နှင့် သက်တမ်းတိုး ထောက်ခံချက်ရရှိရေးအတွက် ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် လျှောက်ထားရန် မလိုအပ်တော့ဘဲ ပညာရေးဝန်ကြီးဌာနကိုသာ တိုက်ရိုက်လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ထောက်ခံချက် ပူးတွဲတင်ပြမှသာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆက်လက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခွဲတမ်းဖြင့် စားအုန်းဆီရောင်းချမှု လဝက်နီးပါးရှိပြီဖြစ်သော်လည်း လက်လီဈေးကွက်အတွင်း ဆီဝယ်ယူ၍ မရခြင်းကြောင့် အခက်အခဲများဖြစ်နေ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း