ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗ့် နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ တွေ့ဆုံဆွေးနွေးမယ်
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၃
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေဟာ ရုရှားနိုင်ငံကို သွားရောက်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗ့်နဲ့တွေ့ဆုံဆွေးနွေးမှာဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဇာခါရိုဗာက ထုတ်ဖော်ပြောလိုက်ပါတယ်။
၎င်းက "မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟာ ရုရှားနိုင်ငံ မော်စကိုမြို့ကို စက်တင်ဘာ ၁၃ ရက်ကနေ ၁၅ ရက်အထိ လာရောက်မှာဖြစ်တယ်။ စက်တင်ဘာ ၁၄ ရက်နေ့မှာ အလုပ်သဘောတွေ့ဆုံဆွေးနွေးသွားမှာဖြစ်တယ်။ စက်တင်ဘာ ၁၄ ရက်မှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗ့်နဲ့ဆွေးနွေးဖို့ စီစဉ်ထားတယ်" လို့ ပြောပါတယ်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးတို့ဟာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီ၊ ကာကွယ်ရေးနဲ့ လုံခြုံရေးကဏ္ဍ အပြန်အလှန်ဆက်ဆံရေးတိုးမြှင့်စေဖို့ကုန်သွယ်ရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံရေးဆိုင်ရာဆွေးနွေးမှုများ အပါအဝင်နှစ်နိုင်ငံကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးသွားဖွယ်ရှိနေကြောင်း ဇာခါရိုဗာ က ပြောပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက "နှစ်နိုင်ငံစလုံးရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဒေသအတွင်း နဲ့ နိုင်ငံတကာရေးရာကိစ္စတွေကို စဉ်းစားဆွေးနွေးဖွယ်ရှိနေပါတယ်" လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာ နဲ့ ရုရှားနိုင်ငံကြား အပြန်အလှန်ဆက်ဆံရေးဟာ ယခင်က ပိုမိုကောင်းမွန်လာခဲ့ပြီး ဆာဂေးလာရောဗ့် အပါအဝင် ရုရှားအစိုးရတာဝန်ရှိသူများ မြန်မာနိုင်ငံကို လာရောက်ခဲ့ဖူးသလို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် နစကအဖွဲ့တာဝန်ရှိသူများ ရုရှားနိုင်ငံကို သွားရောက်ခဲ့ဖူးကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြင်သစ်နိုင်ငံတွင် iPhone12 အမျိုးအစား ရောင်းချနေခြင်းကို တားမြစ်ပိတ်ပင်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ