ပြင်သစ်နိုင်ငံတွင် iPhone12 အမျိုးအစား ရောင်းချနေခြင်းကို တားမြစ်ပိတ်ပင်
Pika (NSS) - စက်တင်ဘာ ၁၃
နာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်သော Apple ၏ iPhone 12 အမျိုးအစားသည် လျှပ်စစ်သံလိုက်ဓါတ်ရောင်ခြည်များ အလွန်အကျွံထုတ်လုပ်သောကြောင့် ပြင်သစ်နိုင်ငံတွင် iPhone 12 ရောင်းချခြင်းကို ရပ်တန့်ရန် နှင့် လက်ရှိ ရောင်းချထားသောဖုန်းများကို ပြုပြင်ပေးရန် ပြင်သစ်နိုင်ငံ စောင့်ကြည့်လေ့လာရေးအဖွဲ့က အမိန့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ iPhone 12 ကို စမ်းသပ်မှုအတွင်း လူသားများ၏ ခန္ဓာကိုယ်မှ စုပ်ယူနိုင်သည့် လျှပ်စစ်သံလိုက်လှိုင်းများကို ခွင့်ပြုထားသည်ထက် ပိုမိုထုတ်လွှတ်နေသည်ကို တွေ့ရှိခဲ့ကြောင်း ရေဒီယိုကြိမ်နှုန်းများကို စီမံခန့်ခွဲသည့် ပြင်သစ် အေဂျင်စီ ANFR က ပြောကြားခဲ့သည်။
ANFR က "iPhone12 အမျိုးအစားဟာ လူသားတွေရဲ့ ခန္ဓာကိုယ် စုပ်ယူနိုင်တာထက် ပိုများတဲ့ လျှပ်စစ်သံလိုက် လှိုင်းတွေကို ထုတ်လွှတ်နေတာကြောင့် စက်တင်ဘာလ(၁၂)ရက်က စတင်ပြီး ပြင်သစ်ဈေးကွက်ကနေ ဖယ်ရှားဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ လက်ရှိရောင်းချထားတဲ့ iPhone12 တွေနဲ့ပတ်သက်ပြီး ပြုပြင်မှုတွေလည်း ပြုလုပ်ပေးဖို့ Apple ကုမ္ပဏီကို ပြောကြားထားပါတယ်။ ဒါမှမဟုတ်ရင်တော့ Apple ဟာ အဲဒီဖုန်းတွေအားလုံးကို ပြန်သိမ်းရပါ လိမ့်မယ်" ဟု ထုတ်ပြန်ထားသည်။
ANFR အေးဂျင့််များသည် ပြင်သစ်နိုင်ငံတွင် iPhone12 အမျိုးအစားကို ရောင်းချရန် ကမ်းလှမ်းခြင်းများ ရှိ/မရှိ သိရှိ ရန်အတွက် စက်တင်ဘာလ(၁၃)ရက်မှ စတင်ပြီး စစ်ဆေးမှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ANFR က ပြောကြားခဲ့သည်။
သို့သော်လည်း iPhone12 အမျိုးအစားသည် သတ်မှတ်ထားသော စံညွှန်းများအတိုင်း ဖန်တီးထားခြင်းဖြစ်ကြောင်း နှင့် အဆိုပါအချက်ကို သက်သေပြရန်အတွက် ပြင်သစ်နိုင်ငံ စောင့်ကြည့်ရေးအဖွဲ့ နှင့် ချိတ်ဆက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း Apple ကုမ္ပဏီ က ပြောခဲ့သည်။
နိုင်ငံအများအပြားရှိ စောင့်ကြည့်လေ့လာရေးအဖွဲ့များသည် ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုးများကို ကာကွယ်ရန်အတွက် မိုလ်ဘိုင်းဖုန်းများ၏ လျှပ်စစ်သံလိုက်ဓါတ်ရောင်ခြည်ထုတ်လွှတ်မှုပမာဏကို ကန့်သတ်ချက် များထားရှိကြောင်း သိရသည်။ သို့သော်လည်း မိုလ်ဘိုင်းဖုန်းများ အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုးကျိုးများမရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က WHO က ၎င်း၏ ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပညာရေးဝန်ဆောင်မှုလုပ်ကိုင်သည့် ကုမ္ပဏီများမှ နိုင်ငံခြားသားများ၏ ဗီဇာသက်တမ်းတိုးနိုင်ရေးထောက်ခံချက်ကို ပညာရေးဝန်ကြီးဌာနသို့ လျှောက်ထားရမည်ဟုဆို
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း