မူဆယ်နယ်စပ်မှ ပြည်ဝင်ခွင့်ရရန် လူထောင်ချီပြီး တန်းစီစောင့်ဆိုင်းနေ
NSS - စက်တင်ဘာ ၁၃
မူဆယ်မြို့မှာ တရုတ်ပြည်ဘက်က ၆ ညအိပ် ခုနှစ်ရက် ဗီဇာခွင့်ပြုပေးလိုက်တာကြောင့် အလုပ်သွားလုပ်မည့် မြန်မာနိုင်ငံသားများ ထောင်ချီ ပြီးတန်းစီကာ စောင့်ဆိုင်းနေကြောင်းဒေသခံများထံမှ သိရသည်။
မူဆယ်-ရွှေလီ ဝင်ထွက်ခွင့်တစ်ခါသုံးကဒ် TBP အား စက်တင်ဘာ ၄ ရက်က စတင်ပြုလုပ်ပေးနေတာကြောင့် လက်ရှိမှာ တရုတ်ပြည် ရွှေလီဘက်အခြမ်းသို့ သွားရောက်အလုပ်လုပ်ကိုင်ချင်သူတွေများပြားလာခြင်းဖြစ်သည်။
မြန်မာနိုင်ငံသား မှတ်ပုံတင်ကိုင်ဆောင်ထားသူ မည်သူမဆို နှစ်နိုင်ငံဝင်ထွက်ခွင့်ကဒ် ၆ ညအိပ် ၇ ရက်ကဒ်ပြုလုပ်ပေးနေတာဖြစ်ပြီး နန်းတော်ဂိတ်၊ မန်ဝိန်းဂိတ်၊ ဆင်ဖြူဂိတ်တို့တွင်စတင် ဆောင်ရွက်ပေးနေသည်။
“တရုတ် စကားပြောတက်ရင် နေ့စား အလုပ်ကြမ်းသမားတစ်ယောက်ကို တစ်ရက်ယွမ် ၁၅ဝ ကနေ ၂၅ဝ ကြားရတယ်။ မြန်မာငွေနဲ့ဆိုရင် အနည်းဆုံး ခုနှစ်သောင်းလောက်ရတာပေါ့။ ရွှေလီဘက်ကို တက်တဲ့သူတွေက မူဆယ်မှာလာပြီး ဝင်ထွက်ကဒ်လျှောက်နေကြတာ အများကြီးပဲ” ဟု မူဆယ်မြို့ခံ တည်းခိုခန်းပိုင်ရှင်တစ်ဦးက ပြောသည်။
ကဒ်ရရန် တန်းစီညအိပ်စောင့်နေသူများရှိသလို တုံကင်နံပါတ် တစ်ခုလျှင် တစ်သိန်းနီးပါးပေါက်ဈေးဖြင့် ပြန်လည်ရောင်းချမှုများရှိလာကြောင်း သိရသည်။
နှစ်နိုင်ငံတရားဝင် ဝင်ထွက်ခွင့်ကို တရုတ်ပြည်ဘက်မှ ကိုဗစ်ကာလကတည်းက ပိတ်ထားခဲ့ရာ သုံးနှစ်နီးပါးကြာမြင့်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ၊ တောင်အာဖရိကနိုင်ငံတို့နှင့် လေကြောင်းချိတ်ဆက်ပျံသန်းရန် စဉ်းစားနေဟု ရုရှားဒုတိယဝန်ကြီးချုပ်တစ်ဦး ပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ