မြန်မာနိုင်ငံ၊ တောင်အာဖရိကနိုင်ငံတို့နှင့် လေကြောင်းချိတ်ဆက်ပျံသန်းရန် စဉ်းစားနေဟု ရုရှားဒုတိယဝန်ကြီးချုပ်တစ်ဦး ပြော
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၃
ရုရှားဒုတိယဝန်ကြီးချုပ် ဒီမီထရီ ချီညာရှန်ကိုကလည်း ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၊ တောင်အာဖရိကနိုင်ငံတို့နှင့် တိုက်ရိုက်လေကြောင်းပျံသန်းနိုင်ရန် စဉ်းစားလျက်ရှိနေကြောင်း ရုရှားအခြေစိုက်သတင်းဌာနနှင့် အင်တာဗျူးချိန်တွင် ပြောခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ရုရှားဒုတိယဝန်ကြီးချုပ်က "ရုရှားပို့ဆောင်ရေးဝန်ကြီးဌာန နဲ့ ရုရှားဖက်ဒရယ်လေကြောင်း ပို့ဆောင်ရေးအေဂျင်စီတို့ဟာ အင်ဒိုနီးရှား၊ ဆော်ဒီအာရေဗျ၊ တောင်ကိုရီးယား၊ မက္ကဆီကို နဲ့ ဂျော်ဒန်နိုင်ငံတို့နဲ့ တိုက်ရိုက်လေကြောင်းလိုင်းပျံသန်းနိုင်ဖို့ လုပ်ဆောင်နေတယ်။ မြန်မာ၊တောင်အာဖရိကနိုင်ငံတို့နဲ့လည်း လေကြောင်းတိုက်ရိုက်ပျံသန်းဖို့ စဉ်းစားနေပါတယ်" ဟုပြောသည်။
ရုရှားနိုင်ငံတွင် ကျင်းပသော အရှေ့ဖျားစီးပွားရေးဖိုရမ်တွင် ရုရှားလေကြောင်းလိုင်းများကို မြန်မာနိုင်ငံ နှင့် တိုက်ရိုက်လေကြောင်းပျံသန်းပြေးဆွဲမှုများ ဖြစ်နိုင်သမျှ အမြန်ဆုံးလုပ်ဆောင်စေလိုကြောင်း မြန်မာနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်ဖြစ်သည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးက တိုက်တွန်းတောင်းဆိုလိုက်သည်။
၎င်းက "ရုရှားလေကြောင်းလိုင်းတွေကို မြန်မာနိုင်ငံ နဲ့ တိုက်ရိုက်ပျံသန်းမယ့်ခရီးစဉ်ကို ဖြစ်နိုင်သမျှ အမြန်ဆုံး စတင်ပျံသန်းပြေးဆွဲဖို့ တောင်းဆိုပါတယ်" ဟု ပြောသည်။
မြန်မာလေကြောင်းလိုင်သည် ရန်ကုန်-မန္တလေး နှင့် ရုရှားနိုင်ငံ Ovosibirsk မြို့တို့ကို တိုက်ရိုက်လေကြောင်းပျံသန်းမည့်ခရီးစဉ်လမ်းကြောင်းအသစ်ကို နှစ်ပေါင်း ၃ဝ ကျော်အတွင်း ပထမဆုံးအကြိမ်စတင်ပျံသန်းခဲ့ပြီး စက်တင်ဘာ ၅ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။
မြန်မာလေကြောင်းလိုင်းသည် ရုရှားနိုင်ငံ နှင့် လေကြောင်းတိုက်ရိုက်ပျံသန်းပြေးဆွဲမည့်
အဆိုပါခရီးစဉ်ကို သီတင်းပတ် တစ်ပတ်လျှင် နှစ်ကြိမ်ပျံသန်းပြေးဆွဲရန် စီစဉ်ထားကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြင်းခြံမြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း