မြင်းခြံမြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်
NSS - စက်တင်ဘာ ၁၃
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး အမျိုးသားတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော စက်တင်ဘာ ၁ဝ ရက်၊ ညနေ ၅ နာရီ ၂ဝ မိနစ်အချိန်တွင် မြင်းခြံမြို့နယ်၊ ဂျူပ္ပင်ကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင် နေထိုင်သည့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်သည် ၎င်း၏ နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့ဝင် အင်အား(၃)ဦးက ဆိုင်ကယ်(၂)စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထိုသို့သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဂျူပ္ပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်(၄၉)နှစ်၏ နဖူး၊ နှုတ်ခမ်း နှင့် ရင်ဘက်တို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာ(၅)ချက်ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါလုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗ့် နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ တွေ့ဆုံဆွေးနွေးမယ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း