ဂျပန်နိုင်ငံသို့ သွားရောက်လေ့လာနိုင်သည့် အခွင့်အရေးရရှိမည့် အာရှအပြည်ပြည်ဆိုင်ရာကလေးများ ရုပ်ရှင်ပွဲတော်တွင် ပါဝင်ယှဥ်ပြိုင်ရန် သံရုံးမှ ဖိတ်ခေါ်
ယွန်း (NSS) - စက်တင်ဘာ ၁၃
ဂျပန်နိုင်ငံသို့ သွားရောက်လေ့လာနိုင်သည့်အခွင့်အရေးရရှိမည့် အာရှအပြည်ပြည်ဆိုင်ရာကလေးများ ရုပ်ရှင်ပွဲတော်တွင် ပါဝင်ယှဥ်ပြိုင်ရန် သံရုံးမှ ဖိတ်ခေါ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ ပြီးခဲ့သည့် စက်တင်ဘာ(၁၁)ရက်တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
(၁၆)ကြိမ်မြောက် အာရှအပြည်ပြည်ဆိုင်ရာ ကလေးများရုပ်ရှင်ပွဲတော်ကို လာမည့် ဒီဇင်ဘာလ ၁၆ ရက်တွင် ဂျပန်နိုင်ငံ Hyogo ခရိုင် Minami Awaji မြို့တွင် ကျင်းပမည်ဖြစ်ပြီး ရုပ်ရှင်ပွဲတော်အတွက် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှတစ်ဆင့် ပြိုင်ပွဲဝင်လက်ရာများကို ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်လက်ရာများအနက်မှ ထူးချွန်သည်ဟု အသိအမှတ်ပြုရွေးချယ်ခံရသော လက်ရာများကို ရုပ်ရှင်ပွဲတော်တွင် ပြသသွားမည်ဖြစ်ပြီး အဆိုပါလက်ရာများအား ဖန်တီးသူများအနက်မှ JENESYS အစီအစဉ် သတ်မှတ်ချက်နှင့် ကိုက်ညီသူများကို ဂျပန်နိုင်ငံသို့ သွားရောက်လေ့လာနိုင်မည့်အခွင့်အရေးကို ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
သို့သော် ဂျပန်နိုင်ငံတွင် ပညာသင်ကြားခဲ့ဖူးသူ၊ ဂျပန်နိုင်ငံသို့ သွားရောက်ဖူးသူ မဖြစ်ရန်လိုပြီး သက်တမ်းကျန်ရှိသော နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများဖြစ်ရန် လိုအပ်ကြောင်း သိရသည်။
ပါဝင်လျှောက်ထားသူများသည် ၁၈ နှစ် နှင့် ၁၈နှစ်အောက် အထက်တန်း ကျောင်းသား၊ကျောင်းသူများသာဖြစ်ရန်လိုပြီး (တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ မဖြစ်ရ) မြန်မာနိုင်ငံတွင် နေထိုင်သော မြန်မာနိုင်ငံသားဖြစ်ရမည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ကင်မရာသမား၊ ဒါရိုက်တာ နှင့် သရုပ်ဆောင်သူများသည် အထက်တန်း ကျောင်းသား၊ ကျောင်းသူအရွယ်များသာဖြစ်ရန်လိုပြီး Home Video နှင့် ၃ မိနစ်အတွင်း ရိုက်ကူးထားသည့် ပြင်ပတွင် ပြသဖူးထားခြင်းမရှိသော လက်ရာဖြစ်ရမည်ဟု သိရသည်။
တစ်ဦးချင်းစီ (သို့မဟုတ်) အဖွဲ့အနေနှင့် ယှဥ်ပြိုင်ခြင်းကိုလည်း လက်ခံသွားမည်ဖြစ်ပြီး အဖွဲ့လိုက်ယှဥ်ပြိုင်ရာတွင် အများဆုံး ၄ ဦးအထိ ပါဝင်နိုင်ပါကြောင်း ထုတ်ပြန်တွင် ဖော်ပြထား သည်။
ပြိုင်ပွဲဝင်လက်ရာကို DVD တစ်ချပ်တွင် ထည့်သွင်းပြီး လျှောက်လွှာ https://www.mm.emb-japan.go.jp/itp.../jenesys-entryform.html နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသို့ ပေးပို့ပေးရမည်ဖြစ်သည်။
လျှောက်လွှာများကို အောက်တိုဘာလ ၈ ရက်နေ့ နောက်ဆုံးထား၍ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသို့ရောက်အောင် ပေးပို့ရမည်ဖြစ်ပြီး သတ်မှတ်ကာလအတွင်း လျှောက်ထားလာသော လက်ရာများကို သံရုံးအနေနှင့် အကဲဖြတ်ပြီး ပြိုင်ပွဲဝင်ရမည့်လက်ရာများကို ရွေးချယ် သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွေးချယ်ခံရသူများကို ခန့်မှန်းခြေအားဖြင့် အောက်တိုဘာလလယ်လောက်တွင် တိုက်ရိုက် ဆက်သွယ် အကြောင်းကြားသွားမည်ဖြစ်ကြောင်း သံရုံးမှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မူဆယ်နယ်စပ်မှ ပြည်ဝင်ခွင့်ရရန် လူထောင်ချီပြီး တန်းစီစောင့်ဆိုင်းနေ
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ