တောင်ပံကစားသမား နီကိုလက်စ်ပီပီကို စာချုပ်ဖျက်သိမ်းကာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပြုခဲ့တဲ့ အာဆင်နယ်
Pika (NSS) - စက်တင်ဘာ ၁ဝ
စက်တင်ဘာလ(၉)ရက်တွင် အာဆင်နယ်အသင်းသည် တောင်ပံကစားသမား နီကိုလက်စ်ပီပီကို စာချုပ်ဖျက်သိမ်းလိုက်ပြီး အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပြုခဲ့ကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် ၂ဝ၁၉ ခုနှစ်တွင် နီကိုလက်စ်ပီပီကို လိုင်လီအသင်းထံမှ ခေါ်ယူရန်အတွက် ပေါင်(၇၂) သန်းပေးချေခဲ့သော်လည်း လက်ရှိအချိန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နီကိုလက်စ်ပီပီသည် တူရကီကလပ် Trabzonspor သို့ ပြောင်းရွှေ့ကစားနိုင်ဖွယ်ရှိနေကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။ နီကိုလက်စ်ပီပီသည် အာဆင်နယ်အသင်းနည်းပြဟောင်း Unai Emery လက်ထက်တွင် ခြေစွမ်းပြကစားနိုင်ခဲ့သော်လည်း နည်းပြအာတီတာက တာဝန်လွှဲပြောင်းယူပြီးနောက်ပိုင်း အသင်းနှင့် အံဝင်ခွင်ကျ ဖြစ်ရန် ရုန်းကန်နေခဲ့ရကြောင်းလည်း သိရသည်။
ထို့အပြင် နီကိုလက်စ်ပီပီသည် ၂ဝ၂၁ ခုနှစ် အောက်တိုဘာလကတည်းက ပရီးမီးယားလိဂ်ပွဲစဉ်များ ကစားရခြင်းမျိုး မရှိသေးကြောင်း သိရသည်။ နီကိုလက်စ်ပီပီသည် ပြီးခဲ့သည့်ရာသီတွင် နိုက်စ်အသင်းသို့ အငှားစာချုပ်ဖြင့် ချထား ခံခဲ့ရကြောင်းလည်း သိရသည်။ နီကိုလက်စ်ပီပီသည် အာဆင်နယ်အသင်း နှင့် စာချုပ်သက်တမ်း တစ်နှစ် ကျန်ရှိနေ သေးသော်လည်း အာဆင်နယ်အသင်းက စာချုပ်ဖျက်သိမ်းကာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အာဆင်နယ်အသင်းက "ကျွန်တော်တို့နဲ့အတူရှိနေချိန်မှာ အများကြီးကူညီပေးခဲ့တဲ့ နီကိုလက်စ်ပီပီကို ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာလည်း ပိုမိုကောင်းမွန်တာတွေပဲကြုံတွေ့ရစေဖို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်" ဟု ထုတ်ပြန်ခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း(၇၅)နှစ်ပြည့်အခမ်းအနားကို သမီးဖြစ်သူနှင့်အတူ မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအန်း တက်ရောက်
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း