မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း(၇၅)နှစ်ပြည့်အခမ်းအနားကို သမီးဖြစ်သူနှင့်အတူ မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအန်း တက်ရောက်
Pika (NSS) - စက်တင်ဘာ ၁ဝ
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းသည် စက်တင်ဘာလ(၉)ရက်တွင် မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း (၇၅)နှစ်ပြည့်အထိမ်းအမှတ် စစ်ရေးပြပွဲအခမ်းအနားကို ၎င်း၏ သမီးဖြစ်သူနှင့်အတူ တက်ရောက်ကြည့်ရှုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က ဖော်ပြခဲ့သည်။
ပြုံးယမ်းမြို့ ကင်အီဆန်ရင်ပြင်တွင် ကျင်းပသော စစ်ရေးပြပွဲအခမ်းအနားတွင် အရန်တပ်ဖွဲ့ဝင်များ နှင့် စက်မှု လုပ်သားများ ချီတက်ခဲ့ကြကြောင်း KCNA က ဖော်ပြခဲ့သည်။ ကင်ဂျုံအန်းသည် ၎င်း၏ သမီးဖြစ်သူကင်ဂျူအေး နှင့် စစ်ရေးပြပွဲအခမ်းအနားကို တက်ရောက်ကြည့်ရှုခဲ့ပြီး တရုတ်သမ္မတရှီကျင့်ဖျင် နှင့် ရုရှားသမ္မတပူတင်တို့သည် သဝဏ်လွှာများကို ပေးပို့ခဲ့ကြောင်း KCNA ၏ ဖော်ပြချက်အရ သိရသည်။
လွတ်လပ်ရေးနေ့အခမ်းအနားကို တရုတ်ဒုဝန်ကြီးချုပ် Liu Guozhong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် Russian Army Academic Ensemble Alexandrov မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်လည်း သိရသည်။
ထို့အပြင် မြောက်ကိုရီးယားအစိုးရသည် နိုင်ငံအတွင်းတွင်ရှိသော သံတမန်များကိုလည်း စစ်ရေးပြပွဲအခမ်းအနားကို တက်ရောက်ရန်အတွက် ဖိတ်ကြားခဲ့ကြောင်း သိရသည်။ ရုရှားသမ္မတပူတင်က ပေးပို့ခဲ့သော စာထဲတွင် "ရုရှားနဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံလုံးဟာ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်လေးစားမှုတွေ နဲ့ ကောင်းမွန်တဲ့ အိမ်နီးချင်း နိုင်ငံတွေအဖြစ် ဆက်ဆံရေးကို ပိုမိုတိုးမြှင့်လာနိုင်ခဲ့ပါတယ်။ ဒါဟာ နှစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေရဲ့အကျိုး စီးပွားတွေ၊ လုံခြုံရေးတွေနဲ့ ကိုရီးယားကျွန်းဆွယ်နဲ့ အရှေ့မြောက်အာရှမှာ တည်ငြိမ်မှုတွေကို ပေးစွမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်" ဟု ရေးသားထားသည်။
တရုတ်သမ္မတရှီကျင့်ဖျင်က ပေးပို့ခဲ့သော စာထဲတွင် "တရုတ်နိုင်ငံဟာ နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ဆက်သွယ်ရေးပိုင်းတွေမှာ ပိုမိုအားကောင်းလာအောင် လုပ်ဆောင်ဖို့၊ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုမြှင့်တင်ဖို့ နဲ့ တရုတ် နဲ့ မြောက်ကိုရီးယားနိုင်ငံကြားဆက်ဆံရေးတွေကို ပိုမိုမြှင့်တင်နိုင်ဖို့အတွက် အဆင်သင့် ရှိနေပါတယ်" ဟု ရေးသားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ စက်တင်ဘာလ ၁ဝ ရက်အတွင်းဖြစ်ပွားခဲ့သော မြန်မာနိုင်ငံရေး၊ စီးပွားရေးသတင်းအချို့နှင့် နိုင်ငံတကာမှ သတင်းထူးများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ