ဂျီ ၂ဝ ထိပ်သီးအစည်းအဝေးပူးတွဲထုတ်ပြန်ချက်မှာ ရုရှားကို ပြစ်တင်ရှုတ်ချဖို့ ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှုမရခဲ့
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁ဝ
အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ဂျီ ၂ဝ ထိပ်သီးအစည်းအဝေးရဲ့ပူးတွဲထုတ်ပြန်ချက်မှာ ရုရှားနိုင်ငံကို အထီးကျန်နိုင်ငံဖြစ်အောင်လုပ်ဆောင်ဖို့ ကြိုးပမ်းမှုများ အောင်မြင်မှုမရရှိခဲ့ကြောင်း Die Zeit သတင်းဌာနက ဖော်ပြထားပါတယ်။
အဆိုပါ ဂျီ ၂ဝ ထိပ်သီးအစည်းအဝေးအပြီးထုတ်ပြန်ချက်ထဲမှာ ရုရှားနိုင်ငံကို ပြစ်တင်ရှုတ်ချမယ့်စာပိုဒ်များ ပါဝင်ခြင်းမျိုးမရှိကြောင်း အဆိုပါသတင်းဌာနက ထပ်မံဖော်ပြထားပါတယ်။ အဆိုပါသတင်းဌာနက "ဂျီ ၂ဝ ထိပ်သီး အစည်းအဝေးမှာ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တယ်။ ပူးတွဲကြေညာချက်ထဲမှာ ရုရှားကို ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး ပြစ်တင်ရှတ်ချတာမျိုး မပါဝင်ခဲ့ဘူး" လို့ပြောပါတယ်။
ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ဂျီ ၂ဝ အဖွဲ့ဝင်နိုင်ငံများကြား တစ်နိုင်ငံ နဲ့ တစ်နိုင်ငံ အမြင်သဘောထားကွဲလွဲမှုတွေ ရှိနေတဲ့အတွက် ပူးတွဲထုတ်ပြန်ချက်မှာ ရုရှားနိုင်ငံအပေါ် ပြစ်တင်ရှုတ်ချမယ့်အချက်ကို ထည့်သွင်းခြင်းမရှိဘဲ ကျော်လွှားဖို့ စီစဉ်ခဲ့ခြင်းဖြစ်ဖွယ်ရှိနေပါတယ်။ ဂျီ ၂ဝ ထိပ်သီးအစည်းအဝေးရဲ့ထုတ်ပြန်ချက်မူကြမ်းထဲမှာ နိုင်ငံ အားလုံးကို နိုင်ငံတကာဥပဒေများကို လိုက်နာဖို့၊ အချုပ်အခြာအာဏာပိုင်နက်နယ်မြေတွေကို လေးစားဖို့ နဲ့ ပဋိပက္ခ တွေကို ငြိမ်းချမ်းစွာဖြေရှင်းပြီး တွေ့ဆုံဆွေးနွေးရေးကို အဓိကထားလုပ်ဆောင်ဖို့ စတဲ့အချက်တွေ အဓိက ပါဝင်ခဲ့ကြောင်း သိရပါတယ်။
ဂျီ ၂ဝ ထိပ်သီးအစည်းအဝေးကို စက်တင်ဘာ ၁ဝ ရက်အထိ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကျင်းပသွားမှာဖြစ်ပြီး ဂျီ ၂ဝ အဖွဲ့ဝင်နိုင်ငံများအပြင် စင်ကာပူ၊ ဘင်္ဂလားဒေရှ့်၊ စပိန်၊ နိုင်ဂျီးရီးယား၊ အီဂျစ်၊ အပါအဝင် အဖွဲ့ဝင်မဟုတ်တဲ့ အခြား ၉ နိုင်ငံလည်း တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
အိန္ဒိယနိုင်ငံမှာ ကျင်းပနေတဲ့ ဂျီ ၂ဝ ထိပ်သီးအစည်းအဝေးကို ရုရှားသမ္မတပူတင် တက်ရောက်တာမျိုးမရှိဘဲ ရုရှား ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗ့် ဦးဆောင်တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ အိန္ဒိယဝန်ကြီးချုပ်မိုဒီတို့အပါအဝင် အဖွဲ့ဝင်နိုင်ငံများရဲ့ ခေါင်းဆောင်အများစု တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယနိုင်ငံမှာ ကျင်းပနေတဲ့ ဂျီ ၂ဝ ထိပ်သီးအစည်းအဝေးထုတ်ပြန်ချက်မှာ ပြီးခဲ့တဲ့နှစ်က အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဂျီ ၂ဝ ထိပ်သီးအစည်းအဝေး ကျင်းပပြီးနောက် ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်အတိုင်းဖြစ်ဖို့များနေပြီး ရုရှားကို ပြစ်တင်ရှုတ်ချခြင်း၊ အထီးကျန်ဖြစ်အောင်လုပ်ဆောင်မယ့် အချက် များပါဝင်ဖို့ အလားလာနည်းကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ဆင်မှုတွေက မျှော်လင့်ထားတာက ပိုမိုနှေးကွေးနေကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီး ပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ