ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ဆင်မှုတွေက မျှော်လင့်ထားတာက ပိုမိုနှေးကွေးနေကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီး ပြော
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁ဝ
ရာသီဥတုအခြေနေတွေဟာ လက်ရှိထက်ပိုအေးခဲလာမယ်ဆိုရင် ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ဆင်မှုတွေက ပိုမိုခက်ခဲလာဖွယ်ရှိနေကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီးမက်မီလေးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ဆင်မှုတွေဟာ ဆောင်းရာသီမရောက်ခင် ရုရှားကို ထိုးစစ်ဆင်တိုက်ခိုက်နိုင်ဖို့ လာမယ့် ရက်ပေါင်း ၃ဝ ကျော်သာကျန်ရှိတော့ကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီးက ပြောပါတယ်။
ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ဆင်မှုတွေက မျှော်လင့်ထားတာထက် ပိုမိုနှေးကွေးနေကြောင်း၊ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ဆင်မှုတွေက တည်ငြိမ်မှုနဲ့ ဝေးကွာနေဆဲဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးမက်မီလေးက သုံးသပ်ထားပါတယ်။
ဗိုလ်ချုပ်ကြီးမက်မီလေးက "လက်ရှိအချိန်မှာ ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ဟာ ကျဆုံးမှာလားဆိုတာပြောဖို့ အလွန် စောလွန်းနေသေးတယ်။ ဒါပေမယ့် ယူကရိန်းတပ်ဖွဲ့တွေဟာရုရှား ရှေ့တန်းစစ်မျက်နှာပြင်ကို ထိုးဖောက်နိုင်ဖို့ အလွန်ခက်ခဲရုန်းကန်ခဲ့ရတယ်။ ယူကရိန်းမှာ ဆောင်းရာသီမရောက်ခင် ရက်ပေါင်း တစ်လခွဲလောက် ထိုးစစ်ဆင်ဖို့ အချိန်ကျန်ရှိနေတယ်" လို့ပြောပါတယ်။
ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ဆင်မှုတွေဟာ နွေဦးရာသီအစပိုင်းမှာ စတင်ခဲ့ပေမယ့် ရုရှားသိမ်းပိုက်ထားတဲ့နယ်မြေ များကို အပြည့်အဝ ပြန်လည်သိမ်းပိုက်နိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။ ယူကရိန်းဗိုလ်ချုပ်ကြီးများကတော့ ၎င်းတို့ဟာ တောင်ဘက်စစ်မျက်နှာမှာ ရုရှားရဲ့ရှေ့တန်းစစ်မျက်နှာပြင်ကို ထိုးဖောက်နိုင်ခဲ့ကြောင်း ဆိုပါတယ်။
ဗြိတိန်ဗိုလ်ချုပ်ကြီး Tony Radakin ကတော့ ယူကရိန်းဟာ တန်ပြန်ထိုးစစ်ဆင်မှုမှာ အနိုင်ရခဲ့ပြီး ရုရှားတို့ ရှုံးနိမ့်ခဲ့ကြောင်း ပြောပါတယ်။ ယူကရိန်းဟာ သိမ်းပိုက်ခံထားရတဲ့နယ်မြေအားလုံးရဲ့ ၅ဝ ရာခိုင်နှုန်းကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဗြိတိန်ဗိုလ်ချုပ်ကြီးက ပြောပါတယ်။
ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ဆင်မှုများနဲ့ပတ်သက်ပြီး အနောက်အုပ်စုနိုင်ငံများရဲ့ စစ်ဘက်ထိပ်တန်းခေါင်းဆောင် များကြားမှာလည်း အမြင်ကွဲလွဲမှုများ ရှိနေဆဲဖြစ်ကြောင်း သိရပါတယ်။ ယူကရိန်းဟာ သိမ်းပိုက်ခံထားရတဲ့ နယ်မြေများ အပြင် ရုရှားပိုင်နက်တွေဖြစ်တဲ့ ခရိုင်းမီးယား နဲ့ မော်စကိုမြို့တွေကို ဒရုန်းများနဲ့တိုက်ခိုက်ဖို့ အရှိန်မြှင့်လုပ်ဆောင်နေပြီး ရုရှားတိုက်လေယာဉ်များက ဖျက်ဆီးခဲ့ရကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မနက်ဖြန်မှစ၍ တိုင်းနှင့် ပြည်နယ်အချို့တွင် လေပြင်းတိုက်ခတ်၍ မိုးကြီးနိုင်ဟု မိုးဇလခန့်မှန်း
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း