ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီဌာန လိုင်စင်ရုံးများတွင် ဝန်ဆောင်ခများ တိုးမြှင့်ကောက်ခံမည်
NSS - စက်တင်ဘာ ၁ဝ
ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနက မော်တော်ယာဉ်မှတ်ပုံတင်လုပ်ငန်းများနှင့်ပတ်သက်သော ကောက်ခံနေသည် အခငွေကြေးဝန်ဆောင်ခများကို ခေတ်နှင့်လျှော်ညီမှုမရှိ၍ သုံးဆခန့် တိုးမြှင့်ကောက်ခံသွားမည်ဟု ထုတ်ပြန်ချက် ထွက်ပေါ်လာသည်။
မကြာမီ တိုးမြှင့်ကောက်ခံသွားမည့် အခငွေကြေးများတွင် ကားလိုင်စင်အမည်ပြောင်းကြေး၊ ဒဏ်ကြေး၊ နယ်ပြောင်းကြေး၊ ယာဉ်မှန်မမှန် စစ်ဆေးခ အပါအဝင်လိုင်စင်ရုံးများတွင် ဆောင်ရွက်ပေးနေသည့် ကားနှင့် ပတ်သက်သောလုပ်ငန်းစဉ်များ ပါဝင်သည်။
“ကားလိုင်စင်ဝင်ရင် လိုင်စင်ကြေးရောယာဉ်စစ်ခရော တိုးကောက်မှာဆိုတော့ အရင်က သုံးသောင်းလောက် ကုန်တဲ့နေရာမှာ တစ်သိန်းလောက်ကုန်လာမှာပေါ့။ ကားနဲ့ပတ်သက်တဲ့ကုန်ကျစရိတ်တိုးလာရင် ကားစီးတဲ့သူတွေ အခက်အခဲရှိလာမယ့်သဘောပါပဲ” ဟု ဝါရင့်ကားဝယ်ရောင်းလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုသည်။
ကားဈေးနှုန်းများ မြင့်တက်လာမှုနှင့် ကားအစီးရေတိုးတက်လာမှု စတာတွေကြောင့် ကားလိုင်စင် မှတ်ပုံတင်ကြေး များကို ၂ဝ၁၈ ခုနှစ်ကတည်းက တိုးမြှင့်သတ်မှတ်ပေးခဲ့ပြီး လက်ရှိတွင် ကားနှင့် ဆက်စပ်နေသည့် ဝန်ဆောင်ခများ ကို ဘာဆက်လက်တိုးမြှင့်ကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။
ကုန်လမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီဌာန နေပြည်တော်က လက်ရှိတွင် ရန်ကုန်နှင့် မန္တလေးတွင် ရှိသည့် လိုင်စင်ရုံးတွေကို ဝန်ဆောင်ခတိုးမြှင့်မှုကို အကြံပြု ပြန်လည်တင်ပြရန် ညွန်ကြားထားပြီး ဝန်ဆောင်ခအပြောင်းအလဲများ ကို မကြာမီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခရီးစဥ်တစ်ခေါက်လျှင် ငွေကျပ်သိန်း(၂ဝ)နီးပါး အရှုံးပေါ်နေ၍ ရန်ကုန်-မော်လမြိုင်ရထားခရီးစဥ်များကို လျှော့ချပြေးဆွဲမည်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ