ကာတာကလပ် Al-Duhail အသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့တဲ့ အက်စတွန်ဗီလာကွင်းလယ်လူကော်တင်ဟို
Pika (NSS) - စက်တင်ဘာ ၉
အက်စတွန်ဗီလာအသင်းကွင်းလယ်ကစားသမား ကော်တင်ဟိုသည် Qatar Stars လိဂ်ရှိ Al-Duhail အသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ကြောင်းသိရသည်။
ကော်တင်ဟိုသည် ပြီးခဲ့သည့်ရာသီတွင် အက်စတွန်ဗီလာအသင်းတွင် အခက်အခဲများ ကြုံတွေ့ခဲ့ရပြီးနောက် Al-Duhail အသင်းသို့အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကော်တင်ဟိုသည် လက်ရှိရာသီပရီးမီးယားလိဂ်ရာသီတွင် အက်စတွန်ဗီလာအသင်းအတွက် (၂)ပွဲသာ ကစားထားရသေးကြောင်းလည်း သိရသည်။ ကော်တင်ဟိုသည် ၂၀၂၁-၂၀၂၂ ရာသီတွင် ဒဏ်ရာများရရှိခဲ့သလို မန်နေဂျာအပြောင်းအလဲများကြောင့် ၎င်း၏ကစားချိန်နှင့် ခြေစွမ်းပြကစားခြင်းကိုထိခိုက်ခဲ့ပြီး ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘရာဇီးလ်အသင်း၏ ကစားရမည့် လူစာရင်းထဲတွင် ပါဝင်ခဲ့ခြင်းမျိုးမရှိကြောင်းလည်း သိရသည်။
ကော်တင်ဟိုသည် အက်စတွန်ဗီလာအသင်းနှင့်၂၀၂၆ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်မည်ဖြစ်ပြီး Al-Duhail အသင်းတွင် ခြေစွမ်းပြကစားနိုင်ခဲ့မည်ဆိုပါက လာမည့်နွေရာသီတွင် ပရီးမီးယားလိဂ်သို့ ပြန်လည်ခေါ်ယူခံရနိုင်ဖွယ်ရှိနေကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြစ်ရေ မြင့်တက်လာနိုင်မှုကြောင့် ဇလွန် အပါအဝင် မြို့(၄)မြို့၌ နေထိုင်သူများအား သတိပြုရန် မိုးဇလသတိပေး
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း