မြစ်ရေ မြင့်တက်လာနိုင်မှုကြောင့် ဇလွန် အပါအဝင် မြို့(၄)မြို့၌ နေထိုင်သူများအား သတိပြုရန် မိုးဇလသတိပေး
ယွန်း (NSS) - စက်တင်ဘာ ၉
ဧရာဝတီမြစ်ရေနှင့် ငဝန်မြစ်ရေ မြင့်တက်လာနိုင်မှုကြောင့် ဇလွန် အပါအဝင် မြို့(၄)မြို့တွင် နေထိုင်သူများအား သတိပြုရန် မိုးဇလမှ သတိပေးထုတ်ပြန်ထားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့(စက်တင်ဘာလ ၉ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
မိုးဇလ၏တိုင်းထွာချက်များအရ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့်ကျော်လွန်နေကြောင်းသိရသည်။
ထို့ပြင် အဆိုပါမြစ်ရေသည် နောက်(၁)ရက်အတွင်း (၃)လက်မခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။
အလားတူ ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့(၂)ပေခွဲခန့် ကျော်လွန်နေပြီး နောက်(၁)ရက်အတွင်း (၃)လက်မခန့် မြင့်တက်နိုင်ကြောင်း မိုးဇလမှအသိပေးထားသည်။
အဆိုပါဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင်လည်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့်ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း (၃)လက်မခန့် မြင့်တက်လာနိုင်ပြီး စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက်တည်ရှိနေကြောင်း မိုးဇလမှ ခန့်မှန်းထားသည်။
ထို့ကြောင့် ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်နှင့် ငါးသိုင်းချောင်းမြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် မိုးဇလမှ အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
G20 အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များက ရာသီဥတုဖောက်ပြန်မှုဆိုင်ရာ အကျပ်အတည်းများကို ဖြေရှင်းနိုင်ကြောင်း ကုလအကြီးအကဲပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ