G20 အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များက ရာသီဥတုဖောက်ပြန်မှုဆိုင်ရာ အကျပ်အတည်းများကို ဖြေရှင်းနိုင်ကြောင်း ကုလအကြီးအကဲပြော
Pika (NSS) - စက်တင်ဘာ ၉
G20 အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များသည် ရာသီဥတုဖောက်ပြန်မှုဆိုင်ရာ အကျပ်အတည်းများကို ဖြေရှင်းနိုင်ပြီး ခေတ်မမှီသလို တရားမျှတခြင်းမရှိသော ကမ္ဘာ့ဘဏ္ဍာရေးစည်းမျဉ်းများကို ပြန်လည်ပုံဖော်ပေးရန် အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များကို ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယိုဂူတာရက်စ်က တိုက်တွန်းခဲ့ကြောင်းသိရသည်။
၎င်းက"ရာသီဥတုဖောက်ပြန်မှုဆိုင်ရာ အကျပ်အတည်းတွေက ပိုမိုဆိုးရွားလာနေပါတယ်။ ဒါပေမယ့် ဒီလို အကျပ် အတည်းကို စုပေါင်းပြီးတုံ့ပြန်တာမျိုးတော့ မရှိသေးပါဘူး။ ဓါတ်ငွေ့ထုတ်လွှတ်မှုတွေကို လျှော့ချဖို့နဲ့ ရာသီဥတုမဖောက် ပြန်ရေးဆိုင်ရာ သဘောတူညီချက်ကို ကျွန်တော်တင်ပြထားပါတယ်။ ရာသီဥတုဖောက်ပြန်မှုဆိုင်ရာ အကျပ်အတည်းကို ထိန်းချုပ်နိုင်ဖို့အတွက် ချမ်းသာတဲ့နိုင်ငံကြီးတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်ပေးသင့်ပါတယ်။ ရာသီဥတုဖောက်ပြန်မှုတွေက ပိုမိုဆိုးရွားလာပါပြီ။ ဒါပေမယ့် G20 အဖွဲ့ဝင်နိုင်ငံတွေဟာ ရာသီဥတုဖောက်ပြန်မှုဆိုင်ရာ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ပါတယ်။ G20 အဖွဲ့ဝင်နိုင်ငံတွေဟာ လေထုညစ်ညမ်းမှုဖြစ်စေတဲ့ ကမ္ဘာလုံးဆိုင်ရာ ထုတ်လွင့်မှုရဲ့ (၈၀)ရာခိုင်နှုန်းအတွက် တာဝန်ရှိပါတယ်။ ပူးပေါင်းဆောာင်ရွက်ခြင်းမရှိတာဟာ ရာသီဥတုဖောက်ပြန်မှုကို ကာကွယ်နိုင်မှာမဟုတ်ပါဘူး"ဟု ပြောဆိုခဲ့သည်။
ထို့ပြင် လာမည့်အနာဂတ်တွင် ရုရှား-ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းနိင်မည့် အလားအလာများကိုလည်း မမြင်မိကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။
၎င်းက"ယူကရိန်းပဋိပက္ခအတွက် ငြိမ်းချမ်းတဲ့အဖြေကို ရရှိမယ်လို့ ကျွန်တော် မမျှော်လင့်ထားပါဘူး။ ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံလုံးဟာ စစ်ပွဲကို ဆက်တိုက်ကြဖို့ ဆုံးဖြတ်ထားကြတဲ့ပုံပါပဲ၊"ဟုပြောဆိုခဲ့သည်။
ကမ္ဘာ့ဘဏ္ဍာရေးစည်းမျဉ်းများသည် ခေတ်မမှီတော့သလို တရားမျှတခြင်းလည်းမရှိတော့သည့်အတွက် ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ရန် လိုအပ်ပြီဖြစ်ကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်က iPhone အသုံးပြုခွင့်ပိတ်လိုက်ပြီးနောက် Apple ကုမ္ပဏီရဲ့ရှယ်ယာများဆက်တိုက်ကျဆင်းနေပြီး အမေရိကန်ဒေါ်လာ ၂၀၀ ဘီလျံကျော် နစ်နာဆုံးရှုံးခဲ့ဟုဆို
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ