ကလေးတိုင်းအတွက် စာသင်ကျောင်းတွေဟာ ဘေးကင်းလုံခြုံပြီး လေ့လာသင်ယူနိုင်တဲ့ ရိပ်မြုံတွေဖြစ်ရမယ်လို့ ကုလအတွင်းရေးမှူးချုပ်ဆို
ဂျန်ဇက် (NSS) - စက်တင်ဘာ ၉
ဘယ်မှာဘဲနေနေ၊ ကလေးတိုင်းအတွက် စာသင်ကျောင်းတွေဟာ ဘေးကင်းလုံခြုံပြီး လေ့လာသင်ယူနိုင်တဲ့ ရိပ်မြုံတွေဖြစ်ရမယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။
ကမ္ဘာတဝှမ်းမှာဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေလို အကျပ်အတည်းတွေကြောင့် စာသင် ကျောင်းပြင်ပကို ရောက်ရှိနေသူ ၇၂ သန်းအပါအဝင်၊ ကလေးငယ်တွေနဲ့ လူငယ်စုစုပေါင်း ၂၂၄ သန်းက ပညာရေးဆိုင်ရာ အကူအညီတွေ အရေးပေါ်လိုအပ်နေကြောင်း ကုလသမဂ္ဂက ဆိုပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က "စာသင်ကျောင်းတွေ၊ ကလေးတွေနဲ့ ဆရာ၊ ဆရာမတွေကို အမြဲတစေအကာအကွယ်ပေးဖို့ နိုင်ငံတိုင်းကို ကျွန်တော်တောင်းဆိုပါတယ်။ပညာရေးဟာ အခြေခံလူ့အခွင့်အရေးတစ်ခုသာမက လူတိုင်းအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခု၊ ပိုမိုငြိမ်းချမ်းပြီး နားလည်မှုရှိတဲ့ ကမ္ဘာတစ်ခုဆီသွားတဲ့ လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်"ဟု ပြောသည်။
"ကျောင်းသားတွေ၊ ဆရာ၊ဆရာမတွေ၊ ပညာရေးဝန်ထမ်းတွေနဲ့ စာသင်ကျောင်းတွေကို တိုက်ခိုက်တာတွေ ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်ပွားလာနေပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေရဲ့ ပညာရေး ဆိုးဆိုးရွားရွား အဆက်ပြတ်သွားပြီး တစ်သက်တာ ထင်ကျန်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု အများအပြား ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် စာသင်ကျောင်းတွေ၊ ကလေးတွေနဲ့ ဆရာ၊ ဆရာမတွေကို အမြဲတစေ အကာအကွယ်ပေးဖို့ နိုင်ငံတိုင်းကို ကျွန်တော် တောင်းဆိုပါတယ်။ ဘယ်မှာဘဲနေနေ၊ ကလေးတိုင်းအတွက် စာသင်ကျောင်းတွေဟာ ဘေးကင်းလုံခြုံပြီး လေ့လာသင်ယူနိုင်တဲ့ ရိပ်မြုံတွေဖြစ်စေဖို့ ကျွန်တော်တို့ အတူတူ အာမခံနိုင်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောပါတယ်။
လုံခြုံစိတ်ချရတဲ့ စာသင်ကျောင်းများဆိုင်ရာ ကြေညာချက်ကို သဘောတူ လက်မှတ်ရေးထိုးဖို့၊ ပညာ ရေးကဏ္ဍ တိုက်ခိုက်ခံရမှုမှ ကာကွယ်ရေးကမ္ဘာလုံးဆိုင်ရာ ညွန့်ပေါင်းအဖွဲ့ကို ပံ့ပိုးကူညီရမှာဖြစ် ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မော်ရိုကိုနိုင်ငံတွင် အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး လူ (၆၀၀)ကျော် သေဆုံး
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း