Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းနိုင်ငံက တူရကီနိုင်ငံအတွက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ကူညီပေးမယ်

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၈

ရုရှားနဲ့စစ်ဖြစ်နေတဲ့ ယူကရိန်းနိုင်ငံဟာ ငလျင်ဒဏ်ခံရတဲ့ တူရကီနိုင်ငံကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ စေလွှတ်ပေးသွားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

တူရကီ နဲ့ ဆီးရီးယားနိုင်ငံတို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက အင်အားပြင်း ငလျင်လှုတ်ခတ်ခဲ့ရာ အနည်းဆုံးလူပေါင်း ၈ဝဝဝ သေဆုံးထားပြီး၊ နှစ်ပေါင်း ၈ဝ အတွင်း အဆိုးရွားဆုံးငလျင်ဖြစ်တယ်လို့ သိရပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီး က "ငလျင်ကြောင့် တူရကီပြည်သူများ ဘေးဒုက္ခတွေ ရင်ဆိုင်ရခြင်းကို ဝမ်းနည်းစိတ်မကောင်းဖြစ်ရတယ်။ တူရကီကို လက်ရှိတွေ့ကြုံနေတဲ့အခက်အခဲတွေ ကျော်ဖြတ်နိုင်စေဖို့ ယူကရိန်းကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပစ္စည်းတွေ ပေးပို့သွားမှာဖြစ်တယ်။ ယူကရိန်းကယ်ဆယ်ရေးသမားတွေဟာ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး ရှာဖွေကယ်ဆယ်မှုတွေကို အထူးကျွမ်းကျင်သူတွေဖြစ်သလို အတွေ့ကြုံရင့်ကျက်သူတွေဖြစ်တယ်။ အဲဒီယူကရိန်းကယ်ဆယ်ရေးသမားတွေဟာ တူရကီနိုင်ငံကို အမြန်ဆုံးသွားရောက်မှာဖြစ်တယ်" လို့ ပြောပါတယ်။

ယူကရိန်းသမ္မတဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တူရကီသမ္မတ အာဒိုဂန် နဲ့တွေ့ဆုံဆွေးနွေးချိန်အတွင်း ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သတင်းတွေက ဆိုပါတယ်။ ယူကရိန်းအစိုးရရုံးက အဖွဲ့ဝင် ၈၇ ဦး ပါဝင်မယ့် ယူကရိန်း ရှာဖွေကယ်ဆယ်ရေးသမားများကို တူရကီနိုင်ငံသို့ စေလွှတ်ပေးသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ တူရကီဟာ ယူကရိန်း၊ ရုရှားတို့ နဲ့ နီးစပ်တဲ့ နိုင်ငံဖြစ်ကာ ယူကရိန်းနဲ့ ရုရှားကြားဖြစ်နေတဲ့ စစ်ပွဲအဆုံးသတ်အောင် ကြားဝင်စေ့စပ်ဖို့ ကြိုးပမ်းခဲ့ဖူးပါတယ်။ ယူကရိန်းဟာ တူရကီကို အကူအညီများပေးမယ်လို့ ပြောခဲ့ပေမယ့် ဆီးရီးယားနိုင်ငံကိုတော့ အကူအညီများပေးမယ့်အစီအစဉ်ကို ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

ဆီးရီးယားဟာ ရုရှားနဲ့နီးစပ်တဲ့နိုင်ငံဖြစ်ပြီး ရုရှားအခြေစိုက် စစ်စခန်းတွေကို လက်ခံထားတဲ့ နိုင်ငံဖြစ်တယ်လို့ သိရပါတယ်။ တူရကီနဲ့ ဆီးရီးယားနိုင်ငံတို့မှာ ဖေဖော်ဝါရီ ၆ ရက်က လူတွေ အိပ်ပျော်နေချိန်မှာ အင်အား ၇ ဒသမ ၈ မဂ္ဂနီကျူအဆင့်ရှိ ငလျင်နဲ့ ၇ ဒသမ ၅ မဂ္ဂနီကျူအဆင့်ရှိ ငလျင်တွေအပြင် ငလျင်ငယ်တွေလည်း လှုပ်ခတ်ခဲ့ရာ အနည်းဆုံးလူပေါင်း ၈ဝဝဝ ကျော် သေဆုံးထားတယ်လို့ သိရပါတယ်။


Zawgyi Version; 








Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်အိမ်တက်ဆင်း လူဦးရေစာရင်းကောက်ယူခဲ့ရာတွင် (၈၆)ရာခိုင်နှုန်း ကောက်ယူနိုင်ခဲ့ဟုဆို

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved