ယူကရိန်းနဲ့ စစ်ပွဲစတင်ခဲ့ပြီးနောက် ရုရှားတွေရဲ့ပိုင်ဆိုင်မှု စုစုပေါင်း ယူရို ၂၁ ဘီလျံကျော်ကို သိမ်းဆည်းထားဟု ဥရောပသမဂ္ဂပြော
ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၈
ဥရောပသမဂ္ဂဟာ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း တစ်နှစ်နီးပါးအတွင်း ရုရှားနိုင်ငံရဲ့ ပိုင်ဆိုင်မှု စုစုပေါင်း ယူရို ၂၁ ဒသမ ၅ ဘီလျံကို သိမ်းဆည်းခဲ့ကြောင်း ဥရောပတရားရေးဌာန ကော်မရှင်နာဖြစ်သူ Didier Reynders က ပြောပါတယ်။
၎င်းက "ဥရောပသမဂ္ဂဟာ ရုရှားနိုင်ငံသား ဘီလျံနာတွေအပြင် ပိတ်ဆို့မှုချမှတ်ခံရတဲ့ စာရင်းထဲမှာပါဝင်တဲ့ ရုရှား ကုမ္မဏီတွေရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းခဲ့တယ်။အဲဒီသိမ်းဆည်းမှု ပမာဏဟာ ယူရို ၂၁ ဒသမ ၅ ဘီလျံအထိ အထိရှိနေတယ်" လို့ပြောပါတယ်။
ဥရောပသမဂ္ဂအနေနဲ့ ရာဇာဝတ်မှုကျူးလွန်သူများရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းနိုင်ဖို့ ဥပဒေပိုင်းဆိုင်ရာကိစ္စတွေ ကိုလုပ်ဆောင်နေကြောင်း ၎င်းက ပြောပါတယ်။ ဥရောပတရားရေးဌာနကော်မရှင်နာ က "ရာဇဝတ်မှု ကျူးလွန်ခံရသူအားလုံးအတွက် တရားမျှတမှုတွေ ပြန်လည်ရယူပေးလိုတယ်။ ရုရှားတွေထံကနေ သိမ်ယူထားတဲ့ ပိုင်ဆိုင်မှုတွေ၊ ငွေကြေးတွေကို ယူကရိန်းနိုင်ငံ ထိခိုက်ပျက်စီးမှုတွေအတွက် ပြန်လည်တည်ဆောက်မှုတွေမှာ အသုံးပြုဖို့ပေးသွားမှာပါ။ နစ်နာမှုလျော်ကြေးပုံစံမျိုးပေးမှာပါ" လို့ ပြောပါတယ်။
ရုရှားနဲ့ ယူကရိန်းတို့ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများဟာ ယူကရိန်းကို စစ်ရေးအကူ အညီအဖြစ် ယူရို ၁၂ ဘီလျံ အပါအဝင် အကူအညီအဖြစ် ယူရို ၅ဝ ဘီလျံကျော် ကူညီပံ့ပိုးထားတယ်လို့ သိရပါတယ်။ ယူကရိန်းကို ရုရှားတို့ တိုက်ခိုက်ခဲ့ပြီးနောက် တစ်လအကြာဖြစ်တဲ့ ၂ဝ၂၂ ခုနှစ် မတ်လအတွင်းမှာ ဥရောပသမဂ္ဂဟာ ရုရှားနဲ့ ဘီလာရုစ်နိုင်ငံတို့ကို ပိတ်ဆို့မှုချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ဥရောပသမဂ္ဂကော်ရှင်ဟာ မတ်လနောက်ပိုင်းမှာ ပိတ်ဆို့မှုချမှတ်ခံထားရတဲ့ ရုရှားတွေရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းဖို့ အဖွဲ့တစ်ဖွဲ့ကိုလည်း တည်ထောင်ခဲ့တယ်လို့ သိရပါတယ်။ ရုရှားဟာ ယူကရိန်းကို ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီးနောက် ယူကရိန်းပိုင်နက် လေးခုကို သိမ်းယူထားတယ်လို့ သိရပါတယ်။
Zawgyi Version;
ယူကရိန္းနဲ႔ စစ္ပြဲစတင္ခဲ့ၿပီးေနာက္ ႐ုရွားေတြရဲ႕ပိုင္ဆိုင္မႈ စုစုေပါင္း ယူ႐ို ၂၁ ဘီလ်ံေက်ာ္ကို သိမ္းဆည္းထားဟု ဥေရာပသမဂၢေျပာ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၈
ဥေရာပသမဂၢဟာ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကား စစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္း တစ္ႏွစ္နီးပါးအတြင္း ႐ုရွားႏိုင္ငံရဲ႕ ပိုင္ဆိုင္မႈ စုစုေပါင္း ယူ႐ို ၂၁ ဒသမ ၅ ဘီလ်ံကို သိမ္းဆည္းခဲ့ေၾကာင္း ဥေရာပတရားေရးဌာန ေကာ္မရွင္နာျဖစ္သူ Didier Reynders က ေျပာပါတယ္။
၎က "ဥေရာပသမဂၢဟာ ႐ုရွားႏိုင္ငံသား ဘီလ်ံနာေတြအျပင္ ပိတ္ဆို႔မႈခ်မွတ္ခံရတဲ့ စာရင္းထဲမွာပါဝင္တဲ့ ႐ုရွား ကုမၼဏီေတြရဲ႕ပိုင္ဆိုင္မႈေတြကို သိမ္းဆည္းခဲ့တယ္။အဲဒီသိမ္းဆည္းမႈ ပမာဏဟာ ယူ႐ို ၂၁ ဒသမ ၅ ဘီလ်ံအထိ အထိရွိေနတယ္" လို႔ေျပာပါတယ္။
ဥေရာပသမဂၢအေနနဲ႔ ရာဇာဝတ္မႈက်ဴးလြန္သူမ်ားရဲ႕ပိုင္ဆိုင္မႈေတြကို သိမ္းဆည္းႏိုင္ဖို႔ ဥပေဒပိုင္းဆိုင္ရာကိစၥေတြ ကိုလုပ္ေဆာင္ေနေၾကာင္း ၎က ေျပာပါတယ္။ ဥေရာပတရားေရးဌာနေကာ္မရွင္နာ က "ရာဇဝတ္မႈ က်ဴးလြန္ခံရသူအားလုံးအတြက္ တရားမွ်တမႈေတြ ျပန္လည္ရယူေပးလိုတယ္။ ႐ုရွားေတြထံကေန သိမ္ယူထားတဲ့ ပိုင္ဆိုင္မႈေတြ၊ ေငြေၾကးေတြကို ယူကရိန္းႏိုင္ငံ ထိခိုက္ပ်က္စီးမႈေတြအတြက္ ျပန္လည္တည္ေဆာက္မႈေတြမွာ အသုံးျပဳဖို႔ေပးသြားမွာပါ။ နစ္နာမႈေလ်ာ္ေၾကးပုံစံမ်ိဳးေပးမွာပါ" လို႔ ေျပာပါတယ္။
႐ုရွားနဲ႔ ယူကရိန္းတို႔ စစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္း ဥေရာပသမဂၢအဖြဲ႕ဝင္ ႏိုင္ငံမ်ားဟာ ယူကရိန္းကို စစ္ေရးအကူ အညီအျဖစ္ ယူ႐ို ၁၂ ဘီလ်ံ အပါအဝင္ အကူအညီအျဖစ္ ယူ႐ို ၅ဝ ဘီလ်ံေက်ာ္ ကူညီပံ့ပိုးထားတယ္လို႔ သိရပါတယ္။ ယူကရိန္းကို ႐ုရွားတို႔ တိုက္ခိုက္ခဲ့ၿပီးေနာက္ တစ္လအၾကာျဖစ္တဲ့ ၂ဝ၂၂ ခုႏွစ္ မတ္လအတြင္းမွာ ဥေရာပသမဂၢဟာ ႐ုရွားနဲ႔ ဘီလာ႐ုစ္ႏိုင္ငံတို႔ကို ပိတ္ဆို႔မႈခ်မွတ္ခဲ့တယ္လို႔ သိရပါတယ္။
ဥေရာပသမဂၢေကာ္ရွင္ဟာ မတ္လေနာက္ပိုင္းမွာ ပိတ္ဆို႔မႈခ်မွတ္ခံထားရတဲ့ ႐ုရွားေတြရဲ႕ပိုင္ဆိုင္မႈေတြကို သိမ္းဆည္းဖို႔ အဖြဲ႕တစ္ဖြဲ႕ကိုလည္း တည္ေထာင္ခဲ့တယ္လို႔ သိရပါတယ္။ ႐ုရွားဟာ ယူကရိန္းကို ၂ဝ၂၂ ခုႏွစ္ ေဖေဖာ္ဝါရီ ၂၄ ရက္မွာ စတင္တိုက္ခိုက္ခဲ့ၿပီးေနာက္ ယူကရိန္းပိုင္နက္ ေလးခုကို သိမ္းယူထားတယ္လို႔ သိရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန်ယူအသင်းကို ဝယ်ယူဖို့ ကာတာဘီလျံနာသူဋ္ဌေးကြီး တရားဝင်ကမ်းလှမ်း
RELATED POSTS
17 Sep 2023 | နိုင်ငံတကာ,ပြည်တွင်း
28 Aug 2023 | နိုင်ငံတကာ,ပြည်တွင်း
29 May 2023 | နိုင်ငံတကာ,ပြည်တွင်း
18 Feb 2023 | နိုင်ငံတကာ,ပြည်တွင်း