တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်အိမ်တက်ဆင်း လူဦးရေစာရင်းကောက်ယူခဲ့ရာတွင် (၈၆)ရာခိုင်နှုန်း ကောက်ယူနိုင်ခဲ့ဟုဆို
မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၈
တစ်နိုင်ငံလုံးအတိုင်းအတားဖြင့် တစ်အိမ်တက်ဆင်း မြေပြင်လူဦးရေစာရင်း ကွင်းဆင်းရောက်ယူခဲ့ရာတွင် (၈၆)ရာခိုင်နှုန်းကျော် ကောက်ယူနိုင်ခဲ့ကြောင်း ဝန်ကြီးဦးမြင့်ကြိုင်က ပြောသည်။
လူမှုဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဦးမြင့်ကြိုင်က ဖေဖော်ဝါရီလ ၇ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများအား တွေ့ဆုံစဉ်အချိန် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မှန်ကန်သည့် မဲဆန္ဒရှင်စာရင်းပြုစုပေးရန် လိုအပ်ကြောင်း ဝန်ကြီးက ပြောသည်။
ထို့ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေစာရင်းအချက်အလက်များကို ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်မှ ၃၁ ရက်အထိ ရုံးပိတ်ရက်များမပါဝင်ဘဲ ရက်ပေါင်း(၂ဝ)ကြာ မြေပြင်ကွင်းဆင်းပြီး တစ်အိမ်တက်ဆင်းကောက်ယူခဲ့ကြောင်း ၎င်းက ပြောဆိုထားသည်။
၎င်းလုပ်ငန်းဆောင်ရွက်ရန်အတွက် ရုံးချုပ်ရှိ e-ID Software ဖြင့်ထုတ်ယူကာ တစ်နိုင်ငံလုံး၌ ကောက်ယူရန် လျာထားသည့် အိမ်ထောင်စုများအနက် (၈၆ ဒသမ ၇ ) ရာခိုင်နှုန်းကို ကောက်ယူနိုင်ခဲ့ကြောင်း ဝန်ကြီးဦးမြင့်ကြိုင်က ထည့်သွင်းပြော ဆိုထားသည်။
ထိုသို့ရရှိခဲ့သော အိမ်ထောင်စုလူဦးရေ စာရင်းအချက်အလက်များကို e-ID Software ဖြင့် ချိတ်ဆက်ကာ အချက်အလက်ပြင်ဆင်ခြင်း၊ ဖြည့်စွက်အတည်ပြုခြင်း လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် ကောက်ယူရန် ကျန်ရှိနေသည့် အိမ်ထောင်စုများကို ဆက်လက်ကောက်ယူနိုင်ရေး ကြိုးစားဆောင်ရွက်နေကြောင်းနှင့် မှန်ကန်သော လူဦးရေအချက်အလက်များရရှိမှသာ တိကျမှန်ကန်သည့် ဆန္ဒပဲပေးပိုင်ခွင့်ရှိ သူ၏ မဲစာရင်းကို ပြုစုနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးက ပြောဆိုထားသည်။
မြေပြင်လူဦးရေစာရင်းအား ကွင်းဆင်းကောက်ယူစဉ်အချိန်အတွင် အကြမ်းဖက်သတ်ဖြတ်ခံရသော ဝန်ထမ်းများရှိခဲ့သလို လဝကရုံးအများအပြားမှာလည်း မီးရှို့ဖျက်ဆီးခြင်းများ ခံခဲ့ရသည်ကို တွေ့ရှိရသည်။
zawgyi version
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘဝမှာ ထီကို ပထမဆုံးအကြိမ်ထိုးပြီး ထီဆုကြီးပေါက်သွားတဲ့ ကနေဒါအမျိုးသမီး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ