မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမယ့် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကို မလေးရှား၊ ဖိလစ်ပိုင် နဲ့ အင်ဒိုနီးရှားတို့ တက်ရောက်မှာမဟုတ်ဟုဆို
ဂျန်ဇက် (NSS) - စက်တင်ဘာ ၈
အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကို မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့လေတပ်ဦးစီးချုပ် လူကိုယ်တိုင်တက်ရောက်မှာဖြစ်ပေမယ့် မလေးရှား၊ ဖိလစ်ပိုင် နဲ့ အင်ဒိုနီးရှားနိုင်ငံတို့ရဲ့လေတပ်ဦးစီးချုပ်များ လူကိုယ်တိုင်တက်ရောက်ဖွယ်မရှိကြောင်း သိရပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးဖို့၊အကြမ်းဖက်မှုများ တိုက်ဖျက်ဖို့နဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာကိစ္စများ ဆွေးနွေးနိုင်ဖို့ အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးကို နှစ်စဉ် ကျင်းပခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဟာ အာဆီယံလေတပ်ဦးစီးချုပ်များရဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူနေတဲ့အတွက် လာမယ့်သီတင်းပတ်မှာ အာဆီယံလေတပ်ဦးစီးချုပ်များအစည်း အဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။
အင်ဒိုနီးရှားလေတပ်တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Agung Sasongkojati က အင်ဒိုနီးရှားလေတပ်ဦးစီးချုပ်ဟာ အာဆီယံလေတပ်ဦးစီးချုပ်အစည်းအဝေးကို လူကိုယ်တိုင်တက်ရောက်မှာမဟုတ်ကြောင်း ပြောပါတယ်။
ဒါ့အပြင် ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက ဖိလစ်ပိုင်လေတပ်ဦးစီးချုပ်ကလည်း လူကိုယ်တိုင်တက်ရောက်မှာ မဟုတ်ဘဲ ရုပ်သံဖိုင်ပေးပို့သွားမယ်လို့ ထုတ်ဖော်ပြောထားပါတယ်။ အခြားအာဆီယံ အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ ဘရူးနိုင်း၊ စင်ကာပူ၊ ဗီယက်နမ်တို့ဟာ ၎င်းတို့ရဲ့လေတပ်ဦးစီးချုပ်များ အစည်းအဝေးကို တက်ရောက်မှု ရှိ/မရှိ ဆိုတဲ့အချက်ကို ပြတ်ပြတ်သားသားတုံ့ပြန်ပြောဆိုခြင်းမျိုး မရှိသေးဘူးလို့ သိရပါတယ်။
ကမ္ဘောဒီးယားလေတပ်ဦးစီးချုပ် Soeng Samnang ဟာ မြန်မာနိုင်ငံမှာ ကျင်းပမယ့် အာဆီယံလေတပ်ဦးစီးချုပ် များ အစည်းအဝေးကို ကိုယ်တိုင်တက်ရောက်ခြင်း ရှိ/မရှိ ဆိုတဲ့အချက်ကို မှတ်ချက်ပြုပြောဆိုခြင်းမျိုး မရှိသေးဘူး လို့ သိရပါတယ်။ ဒါ့အပြင် စင်ကာပူ၊ ဘရူးနိုင်း နဲ့ ဗီယက်နမ်နိုင်ငံတို့ရဲ့ လေတပ်ဦးစီးချုပ်တွေဟာလည်း အာဆီယံ လေတပ်ဦးစီးချုပ်များအစည်းအဝေးကို တက်ရောက်မှု ရှိ/မရှိ ဆိုတဲ့အချက်ကို တုံ့ပြန်ပြောဆိုတာမျိုး မရှိသေးပါ ဘူး။ အာဆီယံအဖွဲ့အနေနဲ့ မြန်မာနိုင်ငံကို အာဆီယံလေတပ်ဦးစီးချုပ်များ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်မပေးဖို့ လူအခွင့်အရေးအဖွဲ့အစည်းများက ပြီးခဲ့တဲ့ရက်ပိုင်းမှာ တောင်းဆိုတိုက်တွန်းမှုတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံဟာ အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးကို အိမ်ရှင်အဖြစ် လာမယ့် စက်တင်ဘာ ၁၃ ရက်မှာ စတင် ကျင်းပဖွယ်ရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံမြောက်ပိုင်းရှိ လူကုန်ကူးဂိုဏ်းများကို ဖြိုခွင်းမှုနဲ့အတူ သံသယရှိသူ ၁၂ဝဝ ကျော်ကို ပြန်လည်လွှဲပြောင်းရယူခဲ့ဟု တရုတ်အစိုးရပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ